မြဝတီ-ကော့ကရိတ်သွား ဒေါနတောင်ပေါ်ကားလမ်းဟောင်းတွင် ကားချင်းတိုက်မိရာမှ တစ်စီးချောက်ထဲပြုတ်ကျကာ တစ်စီးတိမ်းမှောက်

0
290

ကရင်ပြည်နယ်ရှိ မြဝတီ-ကော့ကရိတ်သွားတောင်ပေါ်ကားလမ်းဟောင်းရှိ အလယ်ဗိုလ်တဲအကျော်တွင် သြဂုတ် ၁၈ ရက်(ယနေ့)နံနက်ပိုင်းက ကားကျော်တက်စဥ် ကားချင်းတိုက်မိခဲ့သဖြင့် တစ်စီးတိမ်းမှောက်ကာ Hiace ကားချောက်ထဲထိုးကျသွားခဲ့ကြောင်း ကနဦး သိရသည်။

“ဒီနေ့က တောင်ပေါ်ကနေအဆင်းရက်ပါ ကားချင်းကျော်တက်တဲ့အချိန် ဖြစ်သွားတာပါ လတ်တလောလမ်းပိတ်နေတယ် ချောက်ထဲကျသွားတဲ့ကားမှာပါတဲ့အရေအတွက်ကို မသိရသေးပါဘူး ကယ်ဆယ်ရေးလုပ်ဖို့က အချိန်ယူရမယ့်အနေအထားဖြစ်နေတယ်”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

ဖြစ်စဥ်တွင် တိမ်းမှောက်ခဲ့သည့် ကားမှကားမောင်းသူမှာထိခိုက်ဒဏ်ရာများ(မစိုးရိမ်ရ)ရရှိထားပြီး ချောက်ထဲကျသွားသည့်ကားပေါ်တွင်လိုက်ပါလာသူများကို ကယ်ဆယ်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Photo -CJ


LEAVE A REPLY

Please enter your comment!
Please enter your name here