ပြည်ကြီးတံခွန်မြို့တွင် ဆောက်လက်စမြေအောက်ရေကန်အတွင်း အောက်စီဂျင်ပြတ်တောက်မှုကြောင့် အမျိုးသား ၂ ဦးသေဆုံး

0
98

မန္တလေးတိုင်းဒေသကြီး ၊ ပြည်ကြီးတံခွန်မြို့နယ်တွင် ဆောက်လက်စမြေအောက်ရေကန်အတွင်း အောက်စီဂျင်ပြတ်တောက်မှုကြောင့် အမျိုးသား ၂ ဦးသေဆုံးမှု ယနေ့နံနက်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ပြည်ကြီးတံခွန်မြို့နယ်၊ ၁၂၈ လမ်းနှင့် ၁၂၉ လမ်းကြား၊ ၅၈(C)လမ်း၊ အကွက်အမှတ်(ဒဒ-၁၃)၊ (ဆ)ရပ်ကွက်တွင် ဆောက်လက်စအဆောက်အဦ၏ ယနေ့ နံနက် ၉ နာရီခန့်က မြေအောက်ရေကန်အတွင်းသို့ ဆင်းရာမှ ယခုကဲ့သို့ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

” မြေအောက် ရေလှောင်ကန်ကွန်ကရစ်လောင်းတဲ့နံရံမှာ ခံထားတဲ့ အထပ်သားပြားတွေ ဆင်းဖြုတ်ရင်း အောက်ဆီဂျင်ပြတ်တောက်ပြီး ရေနစ်သွားတာပါ” ဟု လူမှုကူညီရေးအသင်း၀င်တစ်ဦးကပြောသည်။

အဆိုပါဖြစ်စဉ်ကြောင့် ပြည်ကြီးတံခွန်မြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် လောကပါလလူမှုကူညီရေးအသင်းတို့မှ ကယ်ဆယ်ရေးဆောင်ရွက်ခဲ့သော်လည်း လူနာများမှာဆေးရုံရောက်ချိန်တွင် သေဆုံးသွားသည့်အတွက် မန္တလေးဆေးရုံကြီးရင်ခွဲရုံသို့ပို့ဆောင်ကူညီခဲ့ကြောင်း သိရသည်။

Photo -MFSD/လောကပါလ


LEAVE A REPLY

Please enter your comment!
Please enter your name here