ထိုင်ဝမ်နှင့်တရုတ်ကြား တင်းမာမှုများမြင့်လာချိန်၌ ထိုင်ဝမ်မြို့တော်ဝန်တရုတ်နိုင်ငံသို့သွားမည်

0
243

တိုင်ပေ၊ဩဂုတ် ၁၈

ထိုင်ဝမ်မြို့တော်ဝန်သည် ယခုလကုန်တွင် နှစ်စဉ်ကျင်းပပြုလုပ်မည့် မြို့တော်ဖိုရမ်အတွက် ရှန်ဟိုင်းသို့သွားရောက်မည်ဖြစ်ကြောင်း ၎င်း၏ရုံးကသြဂုတ်လ ၁၈ ရက်ကပြောကြားခဲ့သည်။

လက်ရှိထိုင်ဝမ်သမ္မတဆိုင်အင်ဝမ်အား ခွဲထွက်ရေးသမားအဖြစ် တရုတ်ပြည်မကြီးကသတ်မှတ်ထားသဖြင့် ထိုင်ဝမ်နှင့်ဆွေးနွေးမည့်အရေးအားလက်မခံခဲ့သော်လည်း မြို့အချင်းချင်းဖလှယ်မှုများကိုတော့ကိုဗစ်မတိုင်မီကာလအထိဆက်လုပ်ခဲ့သည်။

ပြည်မနှင့်ပိုမိုရင်းနှီးသောဆက်ဆံရေးရှိလိုပြီးသမ္မတဆိုင်တို့၏အတိုက်အခံပါတီတစ်ခုဖြစ်သည့်ကူမင်တန်ပါတီဝင်တစ်ဦးဖြစ်သူ မြို့တော်ဝန် မစ္စတာချင်ဝမ်အန်သည် ဩဂုတ်လ ၂၉ မှ ၃၁ ရက်များအတွင်း တိုင်ပေ – ရှန်ဟိုင်းမြို့တော်ဖိုရမ်အတွက် ရှန်ဟိုင်းသို့သွားမည်ဟုသိရသည်။

ထွန်းသစ်စကူမင်တန်၏ကြယ်တစ်ပွင့်အဖြစ်ယူဆခံထားရသည့်ချန်သည် ဖိုရမ်သို့ ကိုယ်စားလှယ်အဖွဲ့အားဦးဆောင်ခေါ်ယူသွားမည်ဖြစ်ပြီး ယခုနှစ်ဖိုရမ်၏ဆောင်ပုဒ်မှာ “ခေတ်ရေစီးကြောင်းသစ်နှင့် ဖွံ့ဖြိုးတိုးတက်မှုအသစ်” ဖြစ်ကြောင်း တိုင်ပေမြို့ အစိုးရကပြောကြားခဲ့သည်။

အတိုက်အခံပါတီကူမင်တန်သည် ကပ်ရောဂါထိန်းချုပ်မှုများကို ရုတ်သိမ်းပြီးကတည်းက တရုတ်ပြည်မနှင့်အဆက်အသွယ်ပြန်စရန် တွန်းအားပေးခဲ့ပြီး ထိုင်ဝမ်နှင့်ပတ်သက်သည့် တင်းမာမှုများအတွက်တွေ့ဆုံဆွေးနွေးမှုများပိုလုပ်ရန် ယခင်ကထက်လိုအပ်နေပြီဟုလည်းပြောကြားခဲ့သည်။

Source : Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here