Anycall Mobile သည် ၂၀၀၂ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး နှစ်ပေါင်း (၂၀) ကျော် ရပ်တည်ခဲ့ပြီးသော လုပ်ငန်းတစ်ခုဖြစ်သည်။ လက်ရှိဖွင့်လှစ်ထားသောဆိုင်ခွဲများအနေဖြင့် ရန်ကုန်မြို့တွင် (၅) ဆိုင် မန္တလေးမြို့တွင် (၆)ဆိုင် စုစုပေါင်း (၁၁)ဆိုင်ဖွင့်လှစ်ထားပြီး ရန်ကုန်မြို့တွင် ဆိုင်ခွဲများထပ်မံဖွင့်လှစ်ရန်လည်း စီစဉ်ထားလျက်ရှိကြောင်းသိရသည်။

0
424

Anycall Mobile မှ ဇူလိုင်လ ၂၃ရက်နေ့တွင် ကမ္ဘာအေးဘုရားလမ်းပေါ်ရှိ KabarAye Anycall Digital Store ၌ မြန်မာနိုင်ငံ၏ MLBB လောကတွင် နာမည်ကြီးအသင်းတစ်သင်းဖြစ်သည့် AI Esport ၊ BG ရဲ့ ကစားသမားဟောင်း Ace တို့နှင့်တကွ Tecno Mobile Myanmar နှင့် Anycall Mobile ပူးပေါင်း၍ Esport ဂိမ်းပွဲတစ်ခု စီစဉ်ခဲ့ကာ KabarAye Anycall ရဲ့ Digital Store တွင် Pro Player များနှင့်အတူ Fan များက MLBB Fan Match ပွဲကို စည်စည်ကားကားကျင်းပခဲ့ကြောင်း သိရသည်။

Mandalay ၏ Mobile Phone ဆိုင်တွေထဲတွင် အကြီးဆုံးဖြစ်သည့် 35 Anycall Digital Store ၌လည်း realme Myanmar နဲ့ MLBB Player များ ပူးပေါင်းပြီး Fan Match ပွဲများစီစဉ်ခဲ့ကာ Anycall ရဲ့ Customer များအတွက် ခံစားခွင့်တွေရှိသလို Game ကို ဝါသနာပါစိတ်ဝင်စားသည့် လူငယ်များအတွက် ပျော်ရွှင်ရသည့်ပွဲများ ဖြစ်ခဲ့သည်။

စမတ်ဖုန်းနည်းပညာနှင့်ပတ်သက်သည့် ဗဟုသုတများအတွက် မိုဘိုင်းဖုန်းပညာဒါန Workshop များကို ၂၀၁၇ နိုဝင်ဘာလတွင် မန္တလေးမြို့ Anycall Mobile မှဦးဆောင်ပြုလုပ်ခဲ့ပြီး လက်ရှိအချိန်တွင်လည်း စမတ်ဖုန်း နည်းပညာနှင့်ပတ်သက်သည့် အခြေခံမှစပြီး ဗဟုသုတများရရန်အတွက် Mobile ဖုန်း၊ Accessories Products များနှင့်ပတ်သက်သည့်သင်တန်းများကို Internal Training သင်တန်းများစီစဉ်ပြီး မျှဝေပေးလျက်ရှိကြောင်းသိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here