လားရှိုး-သိန္နီသွားပြည်ထောင်စုလမ်း၏ အန္တရာယ်ကုန်းဆင်း၌ (၂၂)ဘီးကား အရှိန်မထိန်းနိုင်ဘဲတိမ်းမှောက်

0
163

ရှမ်းပြည်နယ်၊လားရှိုးမြို့နယ်ရှိ လားရှိုး-သန္နီသွားပြည်ထောင်စုလမ်းမကြီး၏ မိုင်တိုင်အမှတ် ၁၀ ရှိ အန္တရာယ်ကုန်းဆင်းတွင် သြဂုတ် ၁၉ ရက်(ယနေ့) နံနက် ၁၀ နာရီခွဲခန့်က ၂၂ ဘီးကားတစ်စီး အရှိန်မထိန်းနိုင်ဘဲတိမ်းမှောက်ခဲ့ကြောင်း လားရှိုးလူငယ်များလူမှုကူညီရေးအသင်းမှ သိရသည်။

“အဲဒီနေရာကို အန္တရာယ်ကုန်းဆင်းအဖြစ်သတ်မှတ်ထားတာ ဆင်းတဲ့အခါဖြည်းဖြည်းချင်းမောင်းဆင်းရတယ် ဒဏ်ရာရတာ ၂ ယောက်ရှိတယ် လားရှိုးဆေးရုံအရေးပေါ်ကိုပို့ပြီးတာနဲ့ ခွဲစိတ်ကုသဆောင်ကိုထပ်ပို့ပေးခဲ့ရတယ် “ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

ဖြစ်စဥ်မှ ထိခိုက်ဒဏ်ရာများရရှိခဲ့သည့် အမျိုးသား ၂ ဦးအား လားရှိုးလူငယ်များလူမှုကူညီရေးအသင်းမှ လားရှိုးမြို့ပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here