မြဝတီ-ကော့ကရိတ်သွားအာရှလမ်းမကြီး၏ မြေပြိုကျသည့်နေရာတွင်ဖောက်လုပ်ထားသည့် ဘေးရှောင်လမ်းမှ ကားလေးများအား အချိန်ပိုင်းစတင်ဖြတ်သန်းခွင့်ပြု

0
207

ကရင်ပြည်နယ်ရှိ မြဝတီ-ကော့ကရိတ်သွားအာရှလမ်းမကြီး၏ တောနော်ရေတံခွန်အနီးမြေပြိုကျခဲ့သည့်နေရာတွင်ဖောက်လုပ်လျက်ရှိသည့် ဘေးရှောင်လမ်းမှ ကားလေးများအား သြဂုတ် ၁၉ ရက်(ယနေ့)မှစတင်ကာ အချိန်ပိုင်းဖြတ်သန်းခွင့်ပြုခဲ့ကြောင်း သိရသည်။

“ယန္တရားတွေနဲ့အလုပ်မလုပ်သေးတဲ့အချိန်မှာ ဖြတ်ခိုင်းပါတယ် သူတို့နေ့လည်ဖက်ထမင်းစားချိန်ပေါ့ မေးကြည့်ရသလောက်ဆိုရင် ဒီနေ့ကစပြီးအချိန်ပိုင်းနဲ့ ဖြတ်ခိုင်းတာလို့သိရတယ်”ဟု ဒေသခံလူမှုကူညီရေးအသင်းဝင်တစ်ဦးကပြော သည်။

ထိုသို့ ကားလေးများအား ဘေးရှောင်လမ်းမှဖြတ်သန်းခိုင်းရာတွင် ယန္တရားများဖြင့်လုပ်ငန်းများစတင်မီ နံနက်အစောပိုင်း၊ နေ့လည်ထမင်းစားနားချိန်နှင့်ညနေလုပ်ငန်းခွင်ပြီးဆုံးချိန်တို့၌ ဖြတ် သန်းစေခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်၌ ဘေးရှောင်လမ်းမှတဆင့် ကားလေးများကိုဖြတ်သန်းစေပြီး လုပ်ငန်းဆောင်ရွက်မှုတိုးတက်လာသည့်အချိန်တွင် ဘေးရှောင်လမ်းမြေသားပေါ်၌ ယာယီဘေလီတံတားထိုးပြီးပါက ကုန်တင်ကားကြီးများကို ဖြတ်သန်းခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here