ယူကရိန်းက ခရိုင်းမီးယားကို S-200 ဒုံးကျည်ဖြင့် တိုက်ခိုက်ရန် ကြိုးစားခဲ့သော်လည်း ရုရှား ကြားဖြတ်ဟန့်တား

0
185

ယူကရိန်းက ခရိုင်းမီးယားနယ်မြေကို S-200 မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည်ဖြင့် ညဘက်တွင် တိုက်ခိုက်ရန် ကြိုးပမ်းခဲ့သော်လည်း ရုရှား၏ လေကြောင်းရန် ကာကွယ်ရေး စနစ်က ၎င်းကို ကြားဖြတ် ဟန့်တားဖြတ်တောက်ခဲ့ကြောင်း ရုရှားကာကွယ်ရေး ဝန်ကြီးဌာနက စနေနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

“သြဂုတ် ၁၉ ရက် ညပိုင်းမှာတော့ ပြန်လည်တပ်ဆင်ထားတဲ့ S-200 မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည်ကို အသုံးပြုပြီး ခရိုင်းမီးယားနယ်မြေကို တိုက်ခိုက်ဖို့ ယူကရိန်းအစိုးရက ကြိုးပမ်းခဲ့ပါတယ်။ အဲဒီ ဒုံးကျည်တွေကို မိမိတို့က လေထဲမှာပါပဲ ကြားဖြတ်ဟန့်တားနိုင်ခဲ့ပါတယ်” ဟု ဝန်ကြီးဌာနက ပြောကြားခဲ့ပြီး မြေပြင်ပေါ်တွင် ထိခိုက်သေဆုံးမှု သို့မဟုတ် ပျက်စီးမှုမရှိကြောင်း သိရသည်။

ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ယူကရိန်းသည် သြဂုတ် ၁၂ ရက်ကလည်း ခရိုင်းမီးယားတံတားကို S-200 မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည်များဖြင့် တိုက်ခိုက်ရန် နှစ်ကြိမ်တိုင်တိုင် ကြိုးပမ်းခဲ့သေးကြောင်း၊ ၎င်းတို့ကိုလည်း ရုရှားလေကြောင်းရန်ကာကွယ်ရေးစနစ်များက ရှာဖွေတွေ့ရှိခဲ့ပြီး ကြားဖြတ်ဟန့်တားနိုင်ခဲ့ကြောင်း ဆိုသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here