ICRC အဖွဲ့မှ ဝန်ထမ်းများ ပြည်တွင်းခရီးသွားရောက်ရေးအတွက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းနှင့် ICRC ၏ ဌာနေကိုယ်စားလှယ်တို့ဆွေးနွေး

0
295

ICRC အဖွဲ့မှ အပြည်ပြည်ဆိုင်ရာဝန်ထမ်းများ မြန်မာနိုင်ငံအတွင်း ပြည်တွင်းခရီးသွားရောက်ရေးနှင့်ပတ်သက်၍ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းနှင့် ICRC ၏ ဌာနေကိုယ်စားလှယ် Ms. Elen a Ajmone Sessera တို့ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ပြည်ထောင်စုဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းမှ ICRC ဌာနေကိုယ်စားလှယ် Ms. Elena Ajmone Sessera အား သြဂုတ် (၁၈) ရက် နံနက်ပိုင်းက နေပြည်တော်၌ လက်ခံတွေ့ ဆုံခဲ့ခြင်း ဖြစ်သည်။

ယင်းသို့ တွေ့ဆုံစဉ် ကျန်းမာရေး ဝန်ကြီးဌာနနှင့် ICRC ကြား ကျန်းမာရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နိုင်ရေး Regional Agreement လက်မှတ်ရေးထိုးရေးခြင်း၊ ICRC မှ မြန်မာနိုင်ငံအတွင်း ဆောင်ရွက်လျက်ရှိသည့် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေး လုပ်ငန်းများတွင် ပိုမိုပူးပေါင်းဆောင်ရွက်နိုင်ရေးတို့အား ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် ကျန်းမာရေး ဝန်ကြီးဌာနနှင့် ICRC တို့ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ခြေတုလက်တု ထုတ်လုပ်တပ်ဆင်ရေး၊ ICRC အဖွဲ့မှ အပြည်ပြည်ဆိုင်ရာဝန်ထမ်းများ၏ ဗီဇာရရှိရေးနှင့် ပြည်တွင်းခရီးသွားရောက်ရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here