မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူများကို ငွေကျပ် သိန်း ၁၅၀ မှ သိန်း ၃၅၀ အထိ ထုတ်ချေးမည်

0
241

ပြည်တွင်း၌ ကြက် ၊ ဘဲ ၊ ဝက်မွေးမြူ‌ရေး လုပ်ငန်းလုပ်ကိုင်သည့်နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှချေးငွေနှုန်းထား ကျပ် သိန်း ၁၅၀ မှ သိန်း ၃၅၀ ကို ထုတ်ချေးပေးရန် အစီစဉ်ရှိနေကြောင်း စိုက်ပျိုးရေး ၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနက သိရသည်။

အဆိုပါ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ချေးငွေယူပြီး လုပ်ကိုင်လိုသူတွေအနေနှင့် ဝက်၁ယူနစ် (ခေါ်) ဝက်ကောင်ရေ ၁၀၀အတွက် ချေးငွေ ကျပ်သိန်း၃၅၀နှုန်း ၊ ကြက်နှင့် ဘဲ ၁ယူနစ် ( ခေါ်) ကြက် ၊ ဘဲ ကောင်ရေ ၃၀၀၀အတွက် ချေးငွေကျပ် သိန်း၁၅၀နှုန်း ထုတ်ချေးမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် မွေးမြူရေးလုပ်ကိုင်သူတွေအနေဖြင့် ချေးငွေးရယူလိုပါက သတ်မှတ်စည်းကမ်းများနှင့်ညီညွတ်လျှင် သက်ဆိုင်ရာ ပြည်နယ်နှင့်တိုင်းဒေသကြီးများသို့ မွေးမြူရေးဦးစီးဌာနများနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ကြောင်း သိရသည်။

မြန်မာနိုင်ငံအနေဖြင့် မွေးမြူရေးလုပ်ငန်းတွင် အသားစားကြက်နှင့် ဥစားကြက်မွေးမြူရေးလုပ်ငန်းများကို စီးပွားဖြစ် မွေးမြူရေးလုပ်ငန်းအဖြစ် လုပ်ကိုင်လျက်ရှိပြီး ဝက်မွေးမြူရေးတွင် စီးပွားဖြစ် မွေးမြူရေးလုပ်ငန်းအပြင် အလယ်အလတ်နှင့် အသေးစားမွေးမြူရေးလုပ်ငန်းများကို လုပ်ကိုင်နေကြောင်း သိရသည်။

COVID-19 ရိုက်ခတ်မှုကြောင့် စားနပ်ရိက္ခာနှင့် စိုက်ပျိုးမွေးမြူရေးကဏ္ဍအပေါ် သက်ရောက်မှုများရှိသောအခြားကဏ္ဍများနည်းတူ မွေးမြူရေးကဏ္ဍတွင် ထိခိုက်မှုများရှိခဲ့ကြောင်း၊ထို့ပြင် မွေးမြူရေးကဏ္ဍတိုးတက်စေရေးအတွက် တိရစ္ဆာန်ကူးစက်ရောဂါကာကွယ်ကုသခြင်း၊ မျိုးကောင်းမျိုးသန့်တိရစ္ဆာန်များရရှိလာစေရန် မေထုန်မဲ့သားစပ်ခြင်း၊ မျိုးမြှင့်သားစပ်ခြင်း၊ တိရစ္ဆာန်နှင့်အသားကို စစ်ဆေးခြင်း၊ ကောင်းမွန်သောမွေးမြူရေးကျင့်စဉ်နှင့်အညီမွေးမြူရန် ပညာပေးခြင်းတို့ကို သက်ဆိုင်ရာဌာနက ဆောင်ရွက်လျက်ရှိပြီး မွေးမြူရေးချေးငွေများများကိုလည်း စီစဉ်ပေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here