ရန်ကုန်-မန္တလေးအမြန်လမ်းတွင် အိမ်စီးကားအရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းရှိသစ်ပင်ကိုဝင်တိုက် ၃ ဦးဒဏ်ရာရ

0
301

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၏ ဥသျှစ်ကုန်းအမြန်လမ်းမီးသတ်စခန်းအပိုင်တွင် သြဂုတ် ၂၀ ရက်(ယနေ့)နံနက်ပိုင်းက အိမ်စီးကားအရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းရှိသစ်ပင်အား ဝင်တိုက်မိခဲ့ကြောင်း သိရသည်။

ယနေ့နံနက် ၇ နာရီခန့်က ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၏ ဥသျှစ်ကုန်အမြန်လမ်းမီးသတ်စ ခန်းအပိုင် မိုင်တိုင်အမှတ် ၆၀/၁ နှင့် ၆၀/၂ ကြားတွင် အမျိုးသား ၁ ဦးနှင့်အမျိုးသမီး ၇ ဦးလိုက်ပါလာသည့် PARTNER (အဖြူရောင်)အိမ်စီးကား သည် အရှိန်မထိန်းနိုင်ဘဲလမ်းအလယ်ကျွန်းရှိ သစ်ပင်အားဝင်တိုက်မိကာရပ်တန့်သွားခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်အား ဥသျှစ်ကုန်းအမြန်လမ်းမီးသတ်စခန်းနှင့်ဥသျှစ်ကုန်းအမြန်လမ်းရဲစခန်းတို့မှတပ်ဖွဲ့ဝင်များက ကူညီကယ်ဆယ်ရေးလုပ်ငန်းများပြုလုပ်ခဲ့ကြပြီး ထိခိုက်ဒဏ်ရာများ (မစိုးရိမ်ရ)ရရှိခဲ့သည့် အမျိုးသား ၁ ဦးနှင့်အမျိုးသမီး ၂ ဦးတို့အား မြို့ချောင်းပြည်သူ့ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here