အသက်မပြည့်သေးသည့် မိန်းကလေးငယ်အား အဓမ္မပြုကျင့်သူအား ဖမ်းဆီးအရေးယူ

0
607

မွန်ပြည်နယ်၊သံဖြူဇရပ်မြို့နယ်၊ ပငကျေးရွာ၌ အသက်မပြည့်သေးသည့် မိန်းကလေးငယ်အား အဓမ္မပြုကျင့်ခဲ့သော အမျိုးသားအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။

ဖြစ်စဥ်မှာ သြဂုတ် ၁၉ ရက်နံနက်ပိုင်းက စျေးသွားပြီးနေအိမ်သို့ပြန်လာသည့် သံဖြူဇရပ်မြို့ နယ်၊ ပငကျေးရွာနေ အသက်(၁၂)နှစ်အရွယ်ရှိ မိန်းကလေးငယ်အား တစ်ရွာတည်းနေ ချစ်လင်းအောင်(၁၉)နှစ်က ဆွဲခေါ်သွားကာခြုံတောအတွင်း၌ အဓမ္မပြုကျင့်ခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်အား မိန်းကလေးငယ်၏ မိခင်ဖြစ်သူမှမေးမြန်းသိရှိခဲ့သဖြင့် အဓမ္မပြုကျင့်သူအား အရေးယူပေးရန် သံဖြူဇရပ်မြို့မရဲစခန်းသို့တိုင်ကြားခဲ့ကြောင်း သိရသည်။

ထို့ကြောင့် သံဖြူဇရပ်မြို့မရဲစခန်းမှ အသက်မပြည့်သေးသည့်မိန်းကလေးငယ်အား အဓမ္မပြုကျင့်သူ ချစ်လင်းအောင် အားဖမ်းဆီး၍ ရာဇသတ်ကြီးပုဒ်မ ၃၇၆/၃၆၃ ဖြင့်အမှုဖွင့်အရေးယူထားကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here