ဩဂုတ်လကုန်ပိုင်းတွင် ရွေဈေးကွက်နှင့် အရောင်းအဝယ် ပုံမှန်အတိုင်း ပြန်ဖြစ်လာနိုင်ဟု ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်အသင်း ဥက္ကဋ္ဌပြော

0
489

ဈေးနှုန်းမတည်မငြိမ်မှုကြောင့် အရောင်းအဝယ်ပါးနေသည့် ပြည်တွင်းရွှေဈေးကွက်မှာ ယခုလကုန်ပိုင်း၌ ပုံမှန်အတိုင်း ပြန်ဖြစ်လာနိုင်ကြောင်း ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမျိုးမြင့်က ပေါ်ပြူလာနယူးစ်သို့ ပြောသည်။

“ရွေဈေးတွေက အပြင်မှာသာတတ်နေတာ။ တစ်ကယ်တမ်း အရောင်းအဝယ်က အေးတယ်။ အရောင်းလည်းမရှိဘူး၊ အဝယ်လည်းမရှိဘူး။ မနက်မိုးလင်းတည်းက ဖေ့စ်ဘုတ်ပေါ်မှာ ရွှေဈေးက ဘယ်လောက်ဖြစ်သွားပြီတို့ဘာတို့ တင်နေကြတာ။ ဖွတယ့်သူတွေက ဖွကြတာ။ ‌ဒီလကုန်လောက်ဆိုရင် အရောင်းအဝယ်က ပုံမှန်အတိုင်း ပြန်ဖြစ်သွားမှာပါ”ဟု ၎င်းက ဆိုသည်။

ရွှေဈေးကွက်အတွင်း ဈေးနှုန်းမတည်ငြိမ်မှုကြောင့် ဈေးကွက်အတွင်းမှ ရွှေအရောင်းဆိုင်အချို့မှ အရောင်းအဝယ်ပြုလုပ်ခြင်းမရှိဘဲ ခေတ္တပိတ်ထားမှုများရှိနေကြောင်းလည်း သိရသည်။

ဗဟိုဘဏ်အနေဖြင့် လက်ရှိငွေကြေးဈေးကွက်အတွင်း ဈေးကစားပြီး ဈေးကွက်ကမောက်ကမဖြစ်စေလိုသည့် ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်နေသူများကို နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေနှင့် အရေးယူမည်ဟု အသိပေးထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here