ရွှေလီ (၃) ရေအားလျှပ်စစ် စီမံကိန်းအား ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှု IPP/ BOT စနစ်ဖြင့် ဆက်လက်ဆောင်ရွက်ရန် ရင်းနှီးမြှုပ်နှံလိုသူများအား အိတ်ဖွင့်တင်ဒါခေါ်ယူ

0
468

ရှမ်းပြည်နယ်မြောက်ပိုင်း ၊ မိုးမိတ်မြို့အနီး ရွှေလီမြစ်ပေါ်ရှိ ရွှေလီ (၃) ရေအားလျှပ်စစ် စီမံကိန်းတွင် ရင်းနှီးမြှုပ်နှံလိုသူများအား လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာနမှ အိတ်ဖွင့်တင်ဒါ ခေါ်ယူလျက်ရှိသည်။

ရွှေလီ (၃) ရေအားလျှပ်စစ် စီမံကိန်းအား ဆက်လက်အကောင်အထည်ဖော်ခြင်း၊ ဓာတ်အားထုတ် လုပ်မောင်းနှင်ခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်းနှင့် ပြန်လည်လွှဲပြောင်းပေးခြင်းလုပ်ငန်းအား ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှု IPP/ BOT စနစ်ဖြင့် ဆက်လက်ဆောင်ရွက်ရန် ရင်းနှီးမြှုပ်နှံလိုသူများအား အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း ဖြစ်သည်။

တင်ဒါပုံစံအား သြဂုတ် (၂၁) ရက်မှ စက်တင်ဘာ (၁၁) ရက်အထိ အစိုးရရုံးပိတ်ရက်များမပါ ရုံးဖွင့်ရက်များတွင် နံနက် (၁၀) နာရီမှနေ့လည် (၃) နာရီအတွင်း ရုံးအမှတ် (၂၇) ၊ ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာန၊(၃)ထပ်ဆောင်ရုံးသစ်၊ နေပြည်တော်၌ တင်ဒါတစ်စောင်လျင် (၅) သိန်းကျပ်နှုန်းဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

တင်ဒါပုံစံလာရောက်ဝယ်ယူရာတွင် ကုမ္ပဏီတစ်ခုလျင် ကိုယ်စားလှယ်တစ်ဦးသာ နှာခေါင်းစည်း (Mask)တပ်၍ လာရောက်ဝယ်ယူရန် မေတ္တာရပ်ခံထားပြီး တင်ဒါတင်သွင်းရမည့်နောက်ဆုံးရက်မှာ စက်တင်ဘာ (၂၄) ရက် နေ့လယ် (၁)နာရီအထိဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here