ရုရှားနိုင်ငံ အလယ်ပိုင်းရှိ ရထားဘူတာရုံတစ်ရုံ၏ ခေါင်မိုးပေါ်သို့ ဒရုန်းယာဉ်တစ်စင်း ပျက်ကျ

0
432

ရုရှားနိုင်ငံအလယ်ပိုင်း Kursk မြို့ရှိ မီးရထားဘူတာရုံတစ်ခု၏ ခေါင်မိုးပေါ်သို့ ယူကရိန်းဒရုန်းတစ်စီး ပျက်ကျခဲ့ရာ လူငါးဦး ဒဏ်ရာရရှိခဲ့ပြီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း Kursk ဒေသအုပ်ချုပ်ရေးမှူး Roman Starovoit က ပြောကြားခဲ့သည်။

“ယူကရိန်းမောင်းသူမဲ့လေယာဉ်က Kursk ကို တိုက်ခိုက်ခဲ့တာပါ။ ပဏာမအချက်အလက်တွေအရ ရထားဘူတာရုံ ခေါင်မိုးပေါ်ကို ပျက်ကျခဲ့ပြီး ခေါင်မိုးပေါ်မှာ မီးလောင်သွားပါတယ်။လူငါးဦးကတော့ မှန်စတွေရှတာကြောင့် အနည်းငယ် ဒဏ်ရာရခဲ့ပါတယ်”ဟု သူက Telegram ချယ်နယ်တွင် ပြောကြားခဲ့သည်။

ဖြစ်စဉ်အသေးစိတ်အား စစ်ဆေးလျက်ရှိကြောင်း Kursk ဒေသအုပ်ချုပ်ရေးမှူး Roman Starovoit ထံမှ သိရသည်။ အခင်းဖြစ်ပွားရာနေရာသို့ ကယ်ဆယ်ရေးနှင့် ကူညီရေးအဖွဲ့များ ချက်ခြင်းဆိုသလိုပင် ရောက်လာခဲ့ကြောင်းသိရသည်။

အဆိုပါ ရထားဘူတာသည် ယူကရိန်းနယ်စပ်နှင့် ကီလိုမီတာ ၁၅၀ ခန့်အကွာရှိ Kursk မြို့လယ်တွင် တည်ရှိသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here