ထွန်းထွန်းမင်းနှင့် သွေးသစ်ဝင်းလှိုင်တို့၏ မကျေပွဲ ပူးတွဲသရေ ရလဒ်သာထွက်ပေါ်

0
434

MLWC-8 မြန်မာ့ရိုး ရာလက်ဝှေ့ ကမ္ဘာ့ချန်ပီယံ ပြိုင်ပွဲကြီးတွင် မကျေပွဲအနေဖြင့် ယနေ့ယှဉ်ပြိုင်ထိုးသတ်ခဲ့ကြသ ည့် ထွန်းထွန်းမင်းနှင့် သွေးသစ်ဝင်းလှိုင်တို့၏ ပွဲစဉ်မှာ ပူးတွဲသရေ ရလဒ်သာ ထွက်ပေါ်ခဲ့ကြောင်း သိရသည်။

MLWC-8 မြန်မာ့ရိုးရာလက်ဝှေ့ ကမ္ဘာ့ချန်ပီယံ ပြိုင်ပွဲကြီး ၏ ခေါင်တွဲဆိုင်းအဖြစ် ထွန်းထွန်းမင်းနှင့် သွေးသစ်ဝင်းလှိုင်တို့ သိမ်ဖြူအားကစားရုံကြီး၌ ယနေ့ နေ့လယ်ပိုင်းကယှဥ်ပြိုင်ထိုးသတ်ခဲ့ကြခြင်းဖြစ်သည်။

အဆိုပါ ပွဲစဉ်တွင် အမှတ်ပေးစနစ်မပါဝင်ပဲ အလဲထိုးအ နိုင်စနစ်ဖြင့် ယှဥ်ပြိုင်ထိုးသတ်ခဲ့ကြခြင်းဖြစ်ပြီး (၅) ချီပြည့်သည်အထိ အလဲထိုး အရှုံးအနိုင်မပေါ်ခဲ့သည့်အတွ က် ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲ အမြင့်ဆုံးတန်း ချန်ပီယံခါး ပတ်ကို ရရှိခဲ့သူမရှိပဲ ပူးတွဲသရေပွဲအဖြစ်သာ ထွက်ပေါ်ခဲ့ခြင်း ဖြစ်သည်။

အခြားတွဲဆိုင်းများဖြစ်သည့် ပွဲစဥ် (၁) ဖြစ်သည့် တိုင်းကျော် နှင့် ဝူသော်ဒိုး ပွဲတွင် တိုင်းကျော်က အလဲထိုးဖြင့် အနိုင်ရ၊ ပွဲစဥ်(၂) ဖြစ်သည့် ဟံသာဝတီ နှင့် စီတိုး ပွဲတွင် ပူးတွဲသရေကျ၊ ပွဲစဥ် (၃) ဖြစ်သည့် စိန်လုံးချောနှင့် မိုးထက်အောင်တို့ပွဲစဥ်တွင် မိုးထက်အောင်က အလဲထိုးဖြင့်အနိုင်ရ၊ တတိယ ခေါင်တွဲဆိုင်းဖြစ်သည့် ကျော်စွာဝင်းနှင့် ထိုင်းနိုင်ငံသား မွေထိုင်းဖိုက်တာ အာ၀သန်တို့၏ ပွဲစဉ်တွင် ပူးတွဲသရေ၊ ဒုတိယ ခေါင်တွဲဆိုင်း ပွဲစဥ်ဖြစ်သည့် ထွန်းမင်းအောင်နှင့် ဂျပန်နိုင်ငံသား တိုခဲရှီတို့ ပွဲစဉ်တွင်လည်း ပူးတွဲသရေ ရလဒ်ထွက်ပေါ်ခဲ့ကြောင်း သိရသည်။

Photo – SkyNet Sports


LEAVE A REPLY

Please enter your comment!
Please enter your name here