ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့သည့် ပဲခူးမြို့တွင် စုပေါင်းသန့်ရှင်းရေးပြုလုပ်

0
201

ပဲခူးတိုင်း၊ ပဲခူးမြို့အတွင်း၌ ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ရေကြီးရေလျှံမှုဖြစ်ပွားခဲ့သဖြင့် တင်ကျန်ခဲ့သည့် အမှိုက်သရိုက်များ၊ ရွံ့နွံများနှင့် မြက်ပင်များအား သြဂုတ် (၂၀) ရက် နံနက်ပိုင်းက စုပေါင်းသန့်ရှင်းရေးပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ စုပေါင်းသန့်ရှင်းရေးပြုလုပ်ရာတွင် လုံခြုံရေးအဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ကြက်ခြေနီအသင်းဝင်များ၊ လူမှုကူညီရေးအသင်းဝင်များနှင့် ပြည်သူများက ပူးပေါင်းပါဝင်ခဲ့ကြောင်း သိရသည်။

ရေကြီးရေလျှံမှုဖြစ်ပွားခဲ့သည့် ဘုန်းတော်ကြီးကျောင်းများ၊ အခြေခံပညာစာသင်ကျောင်းများအတွင်း သန့်ရှင်းရေးများပြုလုပ်ခဲ့ကြပြီး ပျက်စီးမှုများကိုလည်း ပြန်လည်ပြင်ဆင်ပေးခဲ့ကြကြောင်း သိရသည်။

ထို့ပြင် ပဲခူးမြို့ရှိ ရေကြီးနစ်မြုပ်မှုကြောင့် ပျက်စီးခဲ့သည့် လမ်း/တံတားများ၊ ရေထုတ်မြောင်းများ ရေစီးရေလာကောင်းမွန်ရေး၊ ခြင်ဆေးမှုတ်ခြင်းနှင့် ရပ်ကွက်များအတွ င်း လျှပ်စစ်မီးကြိုးများ ပြန်လည်သွယ်တန်းခြင်း၊ ကွန်ကရစ်ဓါတ်တိုင်များ ပြန်လည်အစားထိုးခြင်းတို့ကိုလည်း ပြုလုပ်ခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here