ဒေါ်လာငွေလဲနှုန်း ပြင်ပပေါက်ဈေးဖြင့် တွက်ချက်ပြီး ကုန်စျေးနှုန်းတက်အောင် လုပ်ဆောင်သူများကို အရေးယူမည်

0
358

ပို့ကုန်လုပ်ငန်းရှင်များအနေဖြင့် ပို့ကုန်ဝင်ငွေကို သတ်မှတ်ချိန်အတွင်း ပြန်မသွင်းပါက အရေးယူမည်ဖြစ်ပြီး ငွေလဲနှုန်းကို ၃၉၀၀ /၄၀၀၀ ကျပ်ဖြင့် တွက်ချက်ကာ
ကုန်စျေးနှုန်းတက်အောင် လုပ်ဆောင်နေသူများကို အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် Facebook လူမှုကွန်ရက်စာမျက်နှာမှတဆင့် နိုင်ငံခြားငွေလဲဈေးနှုန်းနှင့် ပတ်သက်၍ သတင်းတုများနှင့် ကောလာဟလ ဖြန့်ဝေခြင်းများ လုပ်ဆောင်နေသူများကိုလည်း အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဗဟိုဘဏ်မှ ထုတ်ပြန်သော SOP များနှင့် ကိုက်ညီပါက Online Matching စနစ်ဖြင့် importer များအတွက် ၂၉၂၀ ဖြင့် အပြည့်အဝရောင်းပေးမည်ဖြစ်ပြီး အဆိုပါ ၂၉၂၀ နှုန်းဖြင့်ဝယ်ကာ ပြင်ပ informal market တွင် ဈေးတင်ရောင်းချခြင်း လုံးဝမပြုလုပ်ရန်နှင့် ယင်းကဲ့သို့ စျေးနှုန်းတင်ရောင်းသူများကိုလည်း အရေးယူမည်အပြင် Informal ဟွန်ဒီ လုပ်ငန်းများကိုလည်း ရှာဖွေဖော်ထုတ်ထိထိရောက်ရောက် အရေးယူမည်ဖြစ်ပြီး ငွေစာရင်းများ၊ ဘဏ်စာရင်းများကို စစ်မည်ဖြစ်ကြောင်း သိရသည်။

ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်များ အနေဖြင့် Online Matching စနစ်တွင် ပူးပေါင်းပါဝင်ကြရန်နှင့် ပို့ကုန်ဝင်ငွေ ပြန်မဝင်သည့် အမည်ခံ ကုမ္ပဏီများကို တရားစွဲမည်ဖြစ်ကာ ၄င်း အမည်ခံနှင့် ပူးပေါင်းသည့် ကုမ္ပဏီများကို အရေးယူ၍ blacklist စာရင်းသွင်းသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

လက်ရှိတွင် ဗဟိုဘဏ်အနေဖြင့် Exchange Rate ၂၁၀၀ ပြောင်းလဲခြင်းမရှိသည့်အပြင် ပို့ကုန်ဝင်ငွေ လဲလှယ်ခြင်းကိုလည်း ယခင်သတ်မှတ်ထားသည့် ၅၀ / ၅၀ နှုန်းအတိုင်းလဲလှယ်နိုင်ပြီး အခြေအနေများ ကောင်းမွန်လာပါက စျေးကွက် ပေါက်ဈေးဖြင့် ၁၀၀ ရာခိုင်နှုန်းအထိ လဲလှယ်ခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် လက်ရှိအခြေအနေ၌ နိုင်ငံတော်၏ နိုင်ငံခြားငွေ (USD, Baht, RMB) များ အလုံအလောက်ရှိသည့်အပြင် Import Financing၊ Swap Financing များလုပ်ဆောင်ပေးမည်ဖြစ်ကာ facts and figures များအရ Import များအတွက် နိုင်ငံခြားငွေ (၃) လစာ အလုံအလောက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here