လိုင်စင်မရှိဘဲ နိုင်ငံခြားငွေများလက်ဝယ်ကိုင်ဆောင်ထားပါကအရေးယူခံရမည်

0
1090

အများပြည်သူများအနေဖြင့် ခွင့်ပြုချက်/လိုင်စင်မရှိဘဲ နိုင်ငံခြားငွေများလက်ဝယ်ကိုင်ဆောင်ထားပါက နိုင်ငံခြားသုံးငွေစီမံခန့် ခွဲမှုဥပဒေအရအရေးယူခံရမည်ဟု ဗဟိုဘဏ်မှ နိုင်ငံခြားသုံးငွေကိုင်ဆောင်မှုနှင့်ပတ်သက်၍ သြဂုတ် ၂၀ ရက်က ကြေညာခဲ့သည်။

ဗဟိုဘဏ်မှ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၉ အရ နိုင်ငံတော်တွင် နိုင်ငံခြားသုံးငွေရောင်းဝယ်မှု လုပ်ငန်းများအား နိုင်ငံခြားသုံးငွေများ ရောင်းဝယ် ဖောက်ကားသည့် လုပ်ငန်းလိုင်စင်ရရှိသူများကသာဆောင်ရွက်ခွင့်ရှိကြောင်း သတ်မှတ်ထားသည်။

အဆိုပါ နိုင်ငံခြားသုံးငွေဝယ်ယူရောင်းချလဲလှယ်ပေးခွင့်လိုင်စင်ရရှိသူများသည်လည်း နိုင်ငံခြားငွေ ငွေ သားနှင့်ခရီးသွားချက်လက်မှတ်များကိုသာ ရောင်းဝယ်ခွင့်ရှိသည်ဟု သိရသည်။

ထို့ပြင် ဗဟိုဘဏ်၏ ၂၀၁၄ ခုနှစ်၊စက်တင်ဘာ ၃၀ ရက်ကထုတ်ပြန်ခဲ့သည့် အမိန့်ကြော်ငြာစာအမှတ် ၇/၂၀၁၄ ၊ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုစည်း မျဉ်းအပိုဒ် ၁၅ တွင် “ပြည်တွင်း၌နေထိုင်သူတစ်ဦးသည် တရားဝင်နည်းလမ်းဖြင့်ရရှိထားသည့် အမေရိကန်ဒေါ်လာ ၁၀၀၀၀ အထိ(သို့)ယင်းနှင့်ညီမျှသောငွေထက်မပိုသည့် နိုင်ငံခြားငွေများကို လက်ခံရရှိသည့်နေ့မှ ၆ လအတွင်းကိုင်ဆောင်ခွင့်ရှိသည်ဟု ထုတ်ပြန်သတ်မှတ်ခဲ့သည်။

ယင်း ၆ လကျော်သည်အထိ အသုံးမပြုဘဲရှိနေသည့် နိုင်ငံခြားငွေများအား နိုင်ငံခြားသုံးငွေလုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်ရရှိသူများထံတွင် ဈေးကွက်ပေါက်ဈေးဖြင့် ရောင်းချလဲလှယ်ခြင်း(သို့) ဘဏ်စာရင်းသို့ထည့်သွင်းခြင်းတို့ကို ဆောင်ရွက်ရမည်ဟု သတ်မှတ်ထားသည်။

ထို့ကြောင့် အများပြည်သူများအနေဖြင့် ခွင့်ပြု ချက်/လိုင်စင်မရှိဘဲ နိုင်ငံခြားငွေများလက်ဝယ် ကိုင်ဆောင်ထားသည်ကိုတွေ့ ရှိပါက နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေအရ အရေးယူခံရမည်ဟု ဗဟိုဘဏ်က သတိပေးခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here