မြဝတီမြို့တွင် ငွေလွှဲလုပ်ငန်းလုပ်ကိုင်သူတစ်ဦး ဓားဖြင့်ထိုးခံရ၍သေဆုံး

0
487

ကရင်ပြည်နယ်၊မြဝတီမြို့၊အမှတ်(၄)ရပ်ကွက်တွင် ငွေလွှဲလုပ်ငန်းလုပ်ကိုင်သူတစ်ဦး နေအိမ်ဆိုင်ခန်း၌ ဓားဖြင့်ထိုးခံရ၍သေဆုံးသွားခဲ့မှု သြဂုတ် ၂၀ ရက်ညပိုင်းကဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယမန်နေ့ည ၇ နာရီကျော်ခန့်က ဆိုင်ကယ် ကယ်ရီမောင်းနှင်ရာတွင်အသုံးပြုရသည့် အင်္ကျီဝတ်ဆင်ထားသော အမည်မသိအမျိုးသားတစ်ဦးသည် မြဝတီမြို့၊အမှတ် (၄)ရပ်ကွက်၊ဘုရင့်နောင်လမ်းရှိ ငွေလွှဲလုပ်ငန်းလုပ်ကိုင်သူ ဦးမျိုးမင်း (၄၆)နှစ်အား အသင့်ပါလာသည့်ဓားဖြင့်ထိုးကာ ဆိုင်ကယ်ဖြင့်မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

“ဆိုင်ကယ်ကိုလမ်းပြောင်းပြန်မောင်းပြီးထွက် ပြေးသွားတာလို့သိရပါတယ် ဦးမျိုးမင်းက ထိုးသွင်းပြတ်ရှဒဏ်ရာ ၃ ချက်နဲ့အခင်းဖြစ်နေရာမှာပဲ သေဆုံးသွားတာကြောင့် Dead Body ကို စစ်ဆေးတာတွေလုပ်ဖို့ ဆေးရုံကိုပို့ထားပါတယ်”ဟု မြဝတီမြို့အခြေစိုက် လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

ဖြစ်စဥ်မှ ပြစ်မှုကျူးလွန်သူအားဖမ်းဆီးရမိရေးအတွက် မြဝတီမြို့မရဲစခန်းက အမှုဖွင့်လှစ်ကာ လိုအပ်သည့်စုံစမ်းစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here