စစ်ရေး ၊ နိုင်ငံရေး ပဋိပက္ခများ ဖြေရှင်းရန် တွေ့ဆုံဆွေးနွေးခြင်း နည်းလမ်းသည် အကောင်းဆုံးနည်းလမ်းဖြစ်ကြောင်း RCSS ပြော

0
524

နှစ်ပေါင်းများစွာ ကြုံတွေ့နေရသည့် နိုင်ငံရေး၊ စစ်ရေးပြဿနာများကို ဖြေရှင်းရာတွင် အဖက်ဖက်မှ ယုံကြည်မှုတည်ဆောက်ကာ အမှန်တရားကိုလက်ကိုင်ထားပြီး တွေ့ဆုံဆွေးနွေးခြင်းသည် အကောင်းဆုံး နည်းလမ်းဖြစ်ကြောင်း ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီက ထုတ်ပြန် ပြောကြားလာသည်။

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)၏ (၆) လပတ် အစည်းအဝေးကို သြဂုတ် (၁၈) ရက်မှ (၂၀) ရက်အထိ RCSS ဗဟိုဌာနချုပ် လွယ်တိုင်လျန်း၌ ကျင်းပခဲ့ပြီး ယနေ့သြဂုတ် (၂၁) ရက်တွင် ထုတ်ပြန် ပြောကြားခဲ့ခြင်းဖြစ်သည်။

ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရမည်ဖြစ်၍ အဖက်ဖက်မှ တွေ့ဆုံဆွေးနွေးကြရန်လည်း RCSS က ၎င်းတို့၏ ထုတ်ပြန်ချက်တွင် ထည့်သွင်းပြောကြားထားသည်။

ထို့ပြင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်(NCA)သည် အစိုးရ၊ တပ်မတော်၊ လွှတ်တော်၊ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများ(EAOs)ပါဝင်လက်မှတ်ရေးထိုးခဲ့သည့်အပြင် ကုလသမဂ္ဂ (UN)၊ ဥရောပသမဂ္ဂ (EU)၊ တရုတ်၊ အိန္ဒိယ၊ ထိုင်း၊ ဂျပန်နိုင်ငံတို့က အသိသက်သေအဖြစ် ပါဝင်လက်မှတ်ရေးထိုးခဲ့သည့် သဘောတူစာချုပ်ဖြစ်ပြီးအဆိုပါစာချုပ်ရှေ့မတိုးနိုင်သော်လည်း RCSS အနေဖြင့် ယနေ့ကာလအထိ NCA ၏ အနှစ်သာရကို စွဲကိုင်ထားဆဲဖြစ် ကြောင်းလည်း ပြောကြားခဲ့သည်။

NCA သည် တွေ့ဆုံဆွေးနွေးခြင်းလမ်းကြောင်းမှတဆင့် တိုင်းပြည်၏ အုပ်ချုပ်ရေးစနစ်ကို ပြုပြင်ပြောင်းလဲရန် ဖြစ်သော်လည်း အလျှော့အတင်းမလုပ်နိုင်သဖြင့် NCA အကောင်အထည်ဖော်ဆောင်ခြင်းလုပ်ငန်းများ restoration Comach of the STAL ရှေ့မတိုးနိုင်ခဲ့ခြင်းဖြစ်သည်ဟုလည်း ရေးသားထားသည်။

အစည်းအဝေးတွင် တိုက်ပွဲနှင့်သဘာဝဘေးအန္တရာယ်တို့ကြောင့်အတိဒုက္ခရောက်ခဲ့သည့် စစ်ဘေးရှောင်များ၊ပြည်သူလူထုများအပေါ် ကူညီထောက်ပံ့ခြင်းတို့ကို သုံးသပ်ဆွေးနွေး၍ ရှေ့လုပ်ငန်းစဉ်များကို ချမှတ်ခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here