လှိုင်သာယာ (၅) ထိပ်မှတ်တိုင်အနီးတွင် ဆီတင်ယာဉ်နှင့် အိမ်စီးကားတိုက်မိမှုဖြစ်ပွား

0
445

ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် (၅) ထိပ် မှတ်တိုင်အနီး လှိုင်မြစ်လမ်းနှင့် ပီမိုးနှင်းလမ်း မီးပွိုင့်ထောင့်တွင် ယနေ့ သြဂုတ် (၂၁) ရက် နံနက်ပိုင်းက ဆီတင်ကားနှင့် အိမ်စီးကားတို့ ယာဉ်တိုက်မှူဖြစ်ပွားခဲ့ကြောင်း အဖြူရောင် မေတ္တာလူမှုကူညီကယ်ဆယ်ရေးအသင်းမှ သိရသည်။

အဆိုပါ ယာဉ်တိုက်မှုမှာ ဆီတင်ကားနှင့် အိမ်စီးကားတို့ တိုက်မိခြင်းဖြစ်ပြီး ယာဉ်ပေါ်ပါ တစ်ဦးမှာ လက်ထိသွားကြောင်း သိရသည်။

“လှိုင်မြစ်လမ်းနဲ့ ပီမိုးနှင်းလမ်း မီးပွိုင့်ထောင့်မှာ ဆီတင်တဲ့ကားနဲ့ အိမ်စီးကားယာဉ်တိုက်မှုဖြစ်တာ။ ပရဟိတ ညီနောင်များ ပူပေါင်းဆောင်ရွက်ရှာဖွေကယ်ဆယ်နေပြီး အဖြူရောင် မေတ္တာပါရမီ အသင်း အရေးပေါ် လူနာတင်ယာဉ်နဲ့ လှိုင်သာယာဆေးရုံကို ပို့ဆောင်ကူညီပေးခဲ့ပါတယ်။” ဟု အဖြူရောင် မေတ္တာလူမှုကူညီ ကယ်ဆယ်ရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ ယာဉ်တိုက်မှုကြောင့် ထိခိုက်သူကို အဖြူရောင် မေတ္တာပါရမီ အသင်း အရေးပေါ်လူနာတင်ယာဉ်နှင့် လှိုင်သာယာဆေးရုံသို့ ပို့ဆောင်ပေးထားကြောင်း သိရသည်။

Photo – Koyanaung Lay
အဖြူရောင် မေတ္တာလူမှုကူညီကယ်ဆယ်ရေးအသင်း


LEAVE A REPLY

Please enter your comment!
Please enter your name here