အမြန်လမ်းတွင် Express အဖြူရောင်ယာဉ်(၁)စီး အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးမြောင်းထဲထိုးကျမှုကြောင့် ၁ ဦး သေ ၁၅ ဦး ဒဏ်ရာရ

0
516

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတွင် Express အဖြူရောင်ယာဉ်(၁)စီး အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးမြောင်းထဲထိုးကျမှုကြောင့် ၁ ဦး သေ ၁၅ ဦး ဒဏ်ရာရရှိမှု ယနေ့ ဩဂုတ်လ ၂၁ ရက် ညနေပိုင်းက ဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

အမြန်လမ်းမကြီး မိုင်တိုင်အမှတ် (၇၇/၅) နှင့် (၇၇/၆) ကြားတွင် ယနေ့ ညနေ ၃ နာရီ ၄၀ မိနစ်ခန့်က Express အဖြူရောင်ယာဉ်(၁)စီးသည် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးမြောင်းထဲထိုးကျမှုကြောင့် ဉသျှစ်ကုန်းအမြန်လမ်းမီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရသည်။

အဆိုပါဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါ ကျား(၁၀)ဦး၊မ(၅)ဦး၊ ကလေး(၁)ဦး၊ စုစုပေါင်း (၁၆)ဦးအနက် ကျား(၁)ဦး(သေဆုံး)၊ မ(၁)ဦး ထိခိုက်ဒဏ်ရာ(စိုးရိမ်ရ)၊ ကျန်(၁၄)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)ရခဲ့သည့်အတွက် 192 သူနာတင်ယာဉ်၊ ရှင်သန်မှုလူမှုကူညီရေးအသင်းယာဉ်၊ Light Truck ယာဉ်တို့ဖြင့် မြို့ချောင်းတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။

ယမန်နေ့ နံနက်ကလည်း ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၆၀/၂)နှင့်(၆၀/၃)ကြားတွင် PARTNER (အဖြူရောင်)ယာဥ်(၁)စီးအရှိန်မထိန်းနိုင်ဘဲ လမ်းအလယ်ကျွန်းရှိ သစ်ပင်အား တိုက်မိမှုကြောင့် (၃) ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည့်အတွက် မြို့ချောင်းဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်းလည်း သိရသည်။

ဓာတ်ပုံ – မီးသတ်တပ်ဖွဲ့


LEAVE A REPLY

Please enter your comment!
Please enter your name here