မြန်မာနိုင်ငံတွင် လိုအပ်သည့် နည်းပညာ အခြေခံအဆောက်အအုံ များ လာရောက်ရင်းနှီးမြှုပ်နှံရန် တရုတ်ကို ဖိတ်ခေါ်

0
179

တရုတ်နိုင်ငံသည် အဆင့်မြင့်နည်းပညာဖြင့် စွမ်းအင်ကဏ္ဍတွင် ကမ္ဘာ့ထိပ်တန်းနိုင်ငံတစ်ခုအဖြစ် ရပ်တည်လျက် ရှိသည့်အတွက် မြန်မာနိုင်ငံတွင် လိုအပ်လျက်ရှိသည့် နည်းပညာ၊အခြေခံအဆောက်အအုံ လိုအပ်ချက်များတွင် လာရောက် ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်လိုကြောင်း ကုန်သည်စက်မှု အသင်းချုပ် ဥက္ကဋ္ဌ ဦးအေးဝင်းက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ၊ ကူမင်းမြို့၌ ယူနန်ပြည်နယ် အထွေထွေ ကုန်သည်ကြီးများအသင်း ဥက္ကဋ္ဌနှင့် တွေ့ဆုံစဉ် ယခုကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

ကုန်သည်စက်မှုအသင်းချုပ် ဥက္ကဋ္ဌ ဦးအေးဝင်းက  GACC တွင် မှတ်ပုံတင်ထားသော သစ်သီးများ ခွင့်ပြုချက် အမြန်ရရှိနိုင်ရေးနှင့် နှစ်နိုင်ငံစိုက်ပျိုးရေး ထွက်ကုန် ကုန်သွ ယ်မှု ပိုမိုတိုးမြှင့်စေရေး၊ အသင်းချုပ်အနေဖြင့် တရားဝင်ပို့ကုန်ပစ္စည်းများအား နယ်စပ်ကုန်သွယ်ရေးစနစ်ဖြင့် ကုန်သွယ်မှုပြုရာတွင် ဘဏ်စနစ် ယွမ်-ကျပ်ဖြင့် ငွေပေးချေမှုစနစ် လွယ်ကူမြန်ဆန်ရေး သက်ဆိုင်ရာဌာနများနှင့် ညှိ နှိုင်းဆောင်ရွက်ပေးလျက်ရှိခြင်းတို့နှင့် ပတ်သက်၍ဆွေး နွေးပြောကြားခဲ့ကြောင်း သိရသည်။

ထို့အပြင် UMFCCI-YPGCC စီးပွားရေးနှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုဖိုရမ်ကို နှစ်စဉ် နိုင်ငံအလှည့်ကျ ကျင်းပပြုလုပ်လျှက်ရှိခြင်း၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စက်မှုလက်မှု လုပ်ငန်းအတွက် လိုအပ်သည့် နည်းပညာ၊ ကုန်ကြမ်းတင်သွင်းရန် စိတ်ဝင်စားသည့် လုပ်ငန်းရှင်များ ရှိပါကလည်း လာရောက်ရင်းနှီးမြှုပ်နှံ၍ ကုန်ထုတ်လုပ်ငန်းများ လာရောက် လုပ်ကိုင်နိုင်ကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် တွေ့ဆုံဆွေးနွေးပွဲမှတဆင့် မိမိတို့ နိုင်ငံအနေဖြင့် နိုင်ငံတကာ ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေး၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊ အခြေခံ အဆောက်အအုံများ ပြည့်စုံရေးအတွက် ကောင်းမွန်သည့် ခြေလှမ်းသစ်တစ်ခုကို စတင်နိုင်မည်ဟု ယုံကြည်ကြောင်းလည်း ထည့်သွင်းပြောကြားခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံ၊ကူမင်းမြို့၌ ကျင်းပသည့်   (၇)ကြိမ်မြောက် တရုတ် – တောင်အာရှ ကုန်စည်ပြပွဲနှင့် (၂၇) ကြိမ်မြောက် တရုတ်(ကူမင်း) ပို့ကုန်/သွင်းကုန် ကုန်စည်ပြပွဲကြီး မစတင်မီ ၂၀၂၃ ခုနှစ်၊ သြဂုတ်လ (၁၅) ရက်တွင်  ယူနန်ပြည် န ယ် အထွေထွေကုန်သည်ကြီးများအသင်း (Yunnan Provincial General Chamber of Commerce) ဥက္ကဋ္ဌ Dr. Gao Feng နှင့်  ကုန်သည်စက်မှုအသင်းချုပ် ဥက္ကဋ္ဌ ဦးအေးဝင်း ဦးဆောင်သော တာဝန်ရှိသူများ တွေ့ဆုံဆွေး နွေးခဲ့ကြကြောင်းလည်းသိရသည်။

ယင်းဆွေးနွေးပွဲတွင် ယူနန်ပြည်နယ် အထွေထွေကုန်သည်ကြီးများအသင်း (Yunnan Provincial General Chamber of Commerce) ဥက္ကဋ္ဌ Dr. Gao Feng က တရုတ် – မြ န်မာနှစ်နိုင်ငံ အပြန်အလှန် ကုန်စည်များ ကူးသန်းရောင်းဝယ်မှု ပြုလုပ်နိုင်ရေး ၊ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး၊ စီးပွားရေးအခွင့်အလမ်း အလားအလာများကို ဆွေးနွေးခဲ့ပြီး တက်ရောက်လာသည့် နှစ်နိုင်ငံ စီးပွား ရေးကိုယ်စားလှယ်များမှ အချင်းချင်း မိတ်ဆက်၍ သက် ဆိုင်ရာ ကဏ္ဍအလိုက် စီးပွားရေးအခွင့်အလမ်းများကို အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဆွေးနွေးပွဲသို့ ကုန်သည်စက်မှုအသင်းချုပ်မှ ဥက္ကဋ္ဌ ဦးအေးဝင်း၊ ဒုတိယဥက္ကဋ္ဌများဖြစ်ကြသော ဒေါက်တာဝင်းစည်သူနှင့် ဦးဆန်းလင်း၊ တွဲဖက်အထွေထွေ အတွင်းရေး မှူး ဦးမျိုးသန့် ၊ ဘဏ္ဍာရေးမှူး ဦးလှဦး၊ ညီနောင်အသင်း အဖွဲ့များမှ ဥက္ကဋ္ဌများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here