ယမန်နေ့ထိမြင့်တက်နေသည့် ရွှေဈေးနှုန်း တစ်သိန်းဝန်းကျင်ကျဆင်းလာ

0
2170

ဩဂုတ်လ ၂၀ ရက်အထိ သိန်း ၄၀ နီးပါးအထိမြင့်တက်နေသည့် ပြည်တွင်းရွှေဈေးနှုန်းသည် ယနေ့တွင်  တစ်သိန်းဝန်းကျင်အထိ ပြန်လည်ကျဆင်းလာကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

ယမန်နေ့တွင် အခေါက်ရွှေတစ်ကျပ်သားလျှင် ၃,၇၉၀,၀၀၀ အထိရောက်ရှိခဲ့ပြီး ယနေ့ ညနေပိုင်းတွင် ကျပ်တစ်သိန်းဝန်းကျင်ခန့် ပြန်လည်ကျဆင်းလာခြင်းဖြစ်သည်။

ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များ အသင်း (YGEA)၏ အကယ်ဒမီအခေါက်ရွှေ ၁ ကျပ်သား  ၂,၂၂၃,၁၀၀ ကျပ်ဖြစ်ပြီး ကမ္ဘာ့ရွှေဈေး ၁ အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၈၈၇ ဒေါ်လာဖြစ်ကြောင်း သိရသည်။

ထို့ပြင် ယနေ့ ဩဂုတ်လ (၂၁) ရက်ပြင်ပအခေါက်ရွှေ ပေါက်ဈေးမှာ ၁ ကျပ်သားလျှင် ကျပ် ၃,၈၀၀,၀၀၀ ဝန်းကျင်တွင်ရှိနေပြီး ပြင်ပ ၁၅ ပဲရည် လက်ဝတ်ရတနာ ပေါက်ဈေးမှာကျပ် ၃,၆၀၀,၀၀၀ တွင်ရှိနေကြောင်း သိရသည်။

ရွှေဈေးမြင့်တက်နေသော်လည်း ဈေးကွက်အတွင်းအရောင်းအဝယ်အေးနေပြီး စက်တင်ဘာလလောက်တွင် ရွှေဈေးကွက်ပုံမှန်အတိုင်းပြန်ဖြစ်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းမှ ဥက္ကဌဦးမျိုးမြင့်ကပြောသည်။

ရွှေစျေးမြင့်တက်နေမှုကြောင့်ဗဟိုဘဏ်အပါအဝင် သက်ဆိုင်ရာအဖွဲ့အစည်းများက စျေးကစားသူများကို အရေးယူမည်ဟုလည်း အသိပေးကြေညာထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here