ထိုင်း ဝန်ကြီးချုပ်သစ် ဆုံးဖြတ်ရွေးချယ်မည့်ရက်တွင် တရားရင်ဆိုင်ရန်ပြန်လာသည့် သက်ဆင်

0
160

ရှပ်နီပါတီဖြစ်တဲ့ ဖြူထိုင်းပါတီထောက်ခံသူများသည် ယခုအင်္ဂါနေ့မနက်ပိုင်းက ၀န်ကြီးချုပ်ဟောင်း သက်ဆင် ထိုင်းသို့ရောက်ရှိလာမှုကို စောင့်ကြိုနေခဲ့ကြသည်။

ဖြုတ်ချခံရပြီး ထွက်ပြေးတိမ်းရှောင်နေသည့် သက်ဆင်သည် ၁၇ နှစ်ကြာပြီးနောက် အမိမြေသို့တရားရင်ဆိုင်ရန် တရားဝင်ပြန်လာခြင်းဖြစ်သည်။

ထောက်ခံသူချို့က သူ့မျက်နှာကို မမြင်ရရင်တောင် သူပြန်လာတာနဲ့တင် ပျော်တယ်ဟုဆိုကြသည်။

သက်ဆင်သည် ပုဂ္ဂလိက ဂျက်လေယာဉ်ဖြင့် ယနေ့နံနက် ၉ နာရီဝန်းကျင်တွင် စင်ကာပူမှတဆင့်ရောက်ရှိလာပြီဖြစ်သည်။

အဂတိလိုက်စားမှုဆိုင်ရာ စီရင်ချက်များအား ကြားနာရန် သက်ဆင်အားတရားရုံးချုပ်သို့ ခေါ်ဆောင်သွားမည်ဖြစ်သည်။

သက်ဆင်ရှင်က ၎င်း၏ကိုယ်ပိုင်ဂျက်လေယာဉ်ပေါ်မှ ၎င်း၏မိသားစုဆရာဝန်ဟောင်းထံသို့ နံနက် ၉ နာရီမထိုးမီ မကြာမီ VDO ဖုန်းခေါ်ဆိုကာ “မကြာခင်တွေ့မယ်”ဟုဆိုခဲ့သည်။

ဒွန်မောင်းလေဆိပ်မှာ ၀န်ကြီးချုပ်ဟောင်း သက်ဆင်ရှင် ပြန်လာခြင်းကိုလာရောက် ကြိုဆိုသူတွေထဲတွင် Chart Thai Pattana ပါတီ ခေါင်းဆောင်၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးလည်း ဖြစ်သည့် Varawut Silpa-archa လည်း ပါဝင်သည်။

ယင်လပ်ကသူမအကိုအားပို့ဆောင်နူတ်ဆက်နေသောပုံနှင့် “အကို သက်ဆင် ကံကောင်းပါစေ၊ ဘေးအန္တရာယ်ကင်းရှင်းပြီး ကျန်းမာချမ်းသာပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။ အစ်ကိုနဲ့ နိုင်ငံခြားမှာ ခြောက်နှစ်လောက်နေပြီးချိန်မှာပိုသန်မာလာပါတယ်။အကိုနဲ့ အတူတူ ခရီးမသွားရတာ ဒါပထမဆုံးဘဲ”ဟု လူမူကွန်ယက်တွင်တင်ထားသည်။

ယနေ့ညနေတွင်လည်းထိုင်းနိုင်ငံ၏ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးစတင်ဖို့ရှိပြီး ဝန်ကြီးချုပ်အသစ်ရွေးမည့်ရက်လည်းဖြစ်နေပြန်သည်။

Source: Khaosod


LEAVE A REPLY

Please enter your comment!
Please enter your name here