ချမ်းအေးသာစံမြို့နယ်ရှိ တည်းခိုခန်းတစ်ခု၏ ဒုတိယထပ်မှ စိတ်ကျန်းမာရေးချို့တဲ့နေသည့် အမျိုးသားတစ်ဦးခုန်ချသေဆုံး

0
215

မန္တလေးတိုင်း၊ချမ်းအေးသာစံမြို့နယ်၊ချမ်းအေးသာစံအရှေ့ရပ်ကွက်ရှိ တည်းခိုခန်းတစ်ခု၏ ဒုတိယထပ်မှ စိတ်ကျန်းမာရေးချို့တဲ့နေသည့် အမျိုးသားတစ်ဦးခုန်ချသေဆုံးခဲ့မှု သြဂုတ် ၂၁ ရက်ညပိုင်းကဖြစ်ပွားခဲ့သည်။

ယမန်နေ့ည ၈ နာရီခန့်က ချမ်းအေးသာစံမြို့နယ်၊ချမ်းအေးသာစံအရှေ့ရပ်ကွက်၊ ၂၉ လမ်းနှင့်လမ်း ၈၀ ထောင့်ရှိ တည်းခိုခန်းတစ်ခု၏ ဒုတိယထပ်မှနေ၍ စိတ်ကျန်းမာရေးချို့တဲ့နေသော အ သက်(၃၁)နှစ်အရွယ်ရှိ အမျိုးသားမှ ၂၉ လမ်းပေါ်သို့ခုန်ချခဲ့ကြောင်း သိရသည်။

“တည်းခိုခန်းက ၆ ထပ်ရှိတယ် သူက ဒုတိယထပ်ကနေခုန်ချတာပါ သိရသလောက်ဆိုရင် သူက တည်းခိုခန်းပိုင်ရှင်ရဲ့သားပါ စိတ်ကျန်းမာရေးချို့တဲ့နေတယ် အကြောင်းရင်းကိုတော့ တာဝန်ရှိတဲ့လူတွေကစစ်ဆေးနေကြတယ်”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

တည်းခိုခန်း ဒုတိယထပ်မှခုန်ချခဲ့သည့် အမျိုးသားသည် ၂၉ လမ်းပေါ်၌ မှောက်လျက်အနေအထားဖြင့် နှုတ်ခမ်း ဘယ်/ညာ ညိုမဲ၊ဝမ်း ဗိုက်ပေါက်/အူထွက်၊ ဘယ်/ညာ ခြေကျင်းဝတ် ကျိုးပဲ့ဒဏ်ရာများဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့သဖြင့် ရုပ်အလောင်းအား ပရဟိတဓာရီလူမှုကူညီရေးအသင်းမှ မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here