ဒီဇင်ဘာလတွင် သုခဒဂုံအငှားအိမ်ရာ၏ အခန်းပေါင်း ၈၀၀အတွက် လျှောက်လွှာထပ်မံခေါ်ယူမည်

0
334

ပြည်သူ့အငှားအိမ်ရာ စီမံကိန်းတစ်ခုဖြစ်သည့် သုခဒဂုံအငှားအိမ်ရာ၏ အခန်းပေါင်း ၈၀၀တွင် အများပြည်သူနေထိုင်ခွင့်အတွက် လာမည့်ဒီဇင်ဘာလတွင် ထပ်မံလျှောက်လွှာခေါ်ယူမည်ဖြစ်ကြောင်း မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက သိရသည်။

” သုခဒဂုံအငှားအိမ်ရာကို တည်ဆောက်ရတာက ဆောက်လုပ်ရေးကဏ္ဍအတွက်အလုပ်အကိုင်အခွင့်လမ်းတွေရရှိဖို့ရယ်။အခုချိန်မှာ အများပြည်သူတွေက စားဝတ်နေရေးအခက်ခဲတွေရှိတော့ တိုက်ခန်းတွေကို ဝယ်ယူဖို့က မလွယ်ကူနိုင်တော့ဘူး။ဒါကြောင့် အငှားစနစ်နဲ့ လူတန်းစားအလွှာအစုံ အိမ်ရာနေထိုင်မှုအဆင်ပြေစေဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့စတင်တည်ဆောက်ခဲ့တာဖြစ်ပါတယ်”ဟု မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနက ဒုတိယညွှန်ကြားရေးမှူး ဦးခင်ဇော်က နိုင်ငံပိုင်မီဒီယာတွင်ဖြေကြားထားသည်။

သုခဒဂုံအငှားအိမ်ရာအတွက် လျှောက်လွှာခေါ်ယူမှုကို ပြီးခဲ့သည့် ဇူလိုင်လတွင် အခန်းပေါင်း ၁၁၆၈ ခန်းအတွက် လျှောက်လွှာခေါ်ယူခဲ့ပြီး မကြာခင်နေထိုင်ခွင့်ပြုတော့မည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် တတိယအကြိမ်ကို ၂၀၂၄ ခုနှစ် ဧပြီလတွင် အခန်းပေါင်း ၁၃၀၀ အတွက်ထပ်မံခေါ်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းအပြင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိ သုခဒဂုံပြည်သူ့အငှားအိမ်ရာတွင် နေထိုင်မည့် ပြည်သူများအတွက် YBS ယာဉ်လိုင်း(၅)လိုင်းကို ပြေးဆွဲပေးမည်ဖြစ်ပြီး ယာယီဈေးတစ်ခုကိုလည်း စတင်တည်ဆောက်ရန် ဆောင်ရွက်နေကာ နောက်ပိုင်းတွင် စူပါမားကတ်များပါ လာရောက်ဖွင့်လှစ်နိုင်သည်အထိ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနက သိရသည်။

Photo – Myanmar Builders Guide


LEAVE A REPLY

Please enter your comment!
Please enter your name here