ကမ္ဘောဒီးယားပါလီမန်က ဟွန်မာနက်အားဝန်ကြီးချုပ်အသစ်အဖြစ်အတည်ပြု

0
262

ဖနွမ်းပင်၊ဩဂုတ် ၂၂

ကမ္ဘောဒီးယားနိုင်ငံအား ဝန်ကြီးချုပ်အဖြစ် ၃၈ နှစ်ကြာအုပ်ချုပ်ခဲ့သော ဟွန်ဆန်၏သားဖြစ်သူ မစ္စတာဟွန်မာနက်အား ကမ္ဘောဒီးယား၏ဝန်ကြီးချုပ်အသစ်အဖြစ် ပါလီမန်ကယနေ့အတည်ပြုလိုက်ပြီဖြစ်ကြောင်းသိရှိရသည်။

ယခုကဲ့သို့ လွှဲပြောင်းပေးအပ်မှုသည် လူဦးရေ ၁၆ ဒသမ ၅ သန်းရှိသည့်အရှေ့တောင်အာရှနိုင်ငံ အတွက် သမိုင်းဝင်မှတ်တိုင်တစ်ခုလည်းဖြစ်သည်။ ကမ္ဘောဒီးယားပါလီမန်၊အမျိုးသားလွှတ်တော်တွင် ယုံကြည်မှု အဆိုကို မဲခွဲဆုံးဖြတ်ပြီးနောက် မစ္စတာမာနက်အား ၀န်ကြီးချုပ်အဖြစ်အတည်ပြုခဲ့ခြင်းလည်းဖြစ်သည်။

ခေါင်းဆောင်မှုပိုင်းအတွက် ကာလရှည်ကြာ လေ့ကျင့်သင်ကြားပေးထားသည့် ကြယ်လေးပွင့်အဆင့်ရှိဗိုလ်ချုပ်ကြီးမာနက်သည် အမေရိကရှိ West Point စစ်တက္ကသိုလ်တွင် ပညာသင်ကြားခဲ့သူတစ်ဦးလည်းဖြစ်သည်။

မစ္စတာမာနက်၏ဖခင်ဖြစ်သူဝန်ကြီးချုပ်ဟောင်းဟွန်ဆန်ကမူ ၎င်းအနေဖြင့်ဝန်ကြီးချုပ်ရာထူးမှအနားယူလိုက်သော်လည်း CPP ပါတီ ဥက္ကဌအဖြစ်ဆက်လက်ရပ်တည်နေမည်ဖြစ်ပြီး သားဖြစ်သူအားပါတီတွင်းတိုက်ခိုက်မှုများရှိလာပါက ၎င်းအနေဖြင့်တာဝန်ပြန်ယူမည်ဖြစ်ကြောင်းလည်းအသိပေးထားသည်။

Source : Nikkei Asia


LEAVE A REPLY

Please enter your comment!
Please enter your name here