ဘီးလင်းနှင့် ကျိုက်ထိုအကြားတွင် ခရီးသည်တင် မှန်လုံယာဉ် တိမ်းမှောက်ကာ ကလေးငယ်များ အပါအဝင် (၇) ဦး ဒဏ်ရာရ

0
193

မွန်ပြည်နယ် ဘီးလင်းမြို့နယ်နှင့် ကျိုက်ထိုမြို့နယ်ကြားတွင် ခရီးသည်တင် မှန်လုံယာဉ်တစ်စီး တိမ်းမှောက်မှု ဖြစ်ပွားခဲ့ကြောင်း ဒေသတွင်း ပရဟိတအဖွဲ့စည်းများထံမှ သိရသည်။

ယနေ့ ဩဂုတ် (၂၂) ရက် နံနက် (၁၀) နာရီဝန်းကျင်က ဘီလင်းမြို့နယ် ၊ အလူးလေးကျေးရွာရှိ အထပ်သားစက်ရုံအနီးတွင် တိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်တွင် လိုက်ပါလာသည့် ခရီးသည် ကျား (၁) ဦး၊ မ(၄)ဦးနှင့် ကလေးငယ် (၂) ဦးတို့တွင် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားခဲ့သည့်ယာဉ်ပေါ်တွင် ခရီးသည် (၄၀) ဦး လိုက်ပါလာပြီး (၇) ဦးမှာ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ကြောင်း ဘီလင်း အရေးပေါ်ကယ်ဆယ်‌ရေးအသင်းမှ သိရသည်။

ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားရာသို့ ဒေသခံ လူမှုကူညီရေးအသင်းများနှင့် လုံခြုံရေးအဖွဲ့ဝင်များမှ လာရောက်ကာ ကူညီကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်ကာ ဒဏ်ရာရရှိသူများကို ဘီးလင်းမြို့နယ် ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here