ရွှေဈေးနှုန်းတွက်ချက်ရာတွင် Online Trade တွင်ရှိသည့် ​စျေးကွက်ပေါက်ဈေး ၂၉၂၀ ကိုယူစေချင်ဟု ဗဟိုဘဏ်ဒုဥက္ကဌပြော

0
327

ရွှေဈေးနှုန်းကို ပုံသေနည်းအတိုင်းသွားမည်ဆိုပါက မှောင်ခိုဈေးနှင့်ဒေါ်လာဈေး မြှောက်လို့မရပဲ Online Trade  တွင်ရှိသည့် Market ပေါက်ဈေး ၂၉၂၀ ကိုသာယူစေချင်ကြောင်း ဗဟိုဘဏ်ဒုဥက္ကဌ(၂) ဦးဇော်မြင့်နိုင်ကပြောသည်။

ယနေ့ကျင်းပပြုလုပ်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့၏ ၂၂ ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲတွင် မီဒီယာများ၏‌ေမးမြန်းချက်အပေါ်ပေါ်၎င်းကအထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

“ရွှေဈေးကွက်ကလည်း ငွေကြေးဈေးကွက်နဲ့အတူတက်လာတယ်။ ကျွန်တော်တို့မေးကြည့်တဲ့အခါ မိရိုးဖလာဈေးနဲ့ လုပ်ခဲ့ကြတယ်။ တွက်နည်းကိုကြည့်မယ်ဆိုရင် တစ်အောင်စမှာရှိတဲ့ဈေးနှုန်းနဲ့တည်ပါတယ်။ တစ်အောင်စမှာရှိနေတဲ့ဈေးနဲ့Market မှာရှိတဲ့ဈေးနဲ့မြှောက် တစ်အောင်စမှာရှိတဲ့ကျပ်သားနဲ့စားပါတယ်။ ကမ္ဘာ့ရွှေဈေးပေါ်မူတည်ပြီး လိုက်တက်ပါတယ်။ ကမ္ဘာ့ရွှေဈေးနှစ်ထောင်ကျော်ရင်အဲဒီနှစ်ထောင်နဲ့တွက်ပါတယ်။ ရုတ်တရက်ကျချိန်မှာ ဒေါ်လာဈေးမကျဘူး။ ရွှေဈေးမကျဘူး ရွှေနဲ့ငွေနဲ့လာစပ်ပြီးတော့မှ ငွေဈေးကိုလိုက်တက်လာတဲ့ အနေအထားကိုတွေ့ရတယ်။ ‌ကောလဟာလတွေကြောင့် ရွှေဈေးတက်လာတာကိုတွေ့ရတယ်” ဟု ၎င်းကဆိုသည်။

ပြီးခဲ့သည့် ၂၀ ရက်နေ့အထိ ရွှေဈေးနှုန်းမှာ သိန်း ၄၀ နီးပါးအထိမြင့်တက်လာပြီး ယနေ့ ကမ္ဘာ့ရွှေဈေးတစ်အောင်စလျှင် ၁၈၉၉.၃၂ ဖြစ်ပြီး ရွှေဈေးနှုန်းမှာ ၃၈၀၀၀၀၀ ရှိကြောင်း ပြင်ပဈေးကွက်အတွင်းမှ သိရသည်။

ထို့ပြင် ဗဟိုဘဏ်မှ ရွှေဈေးနှုန်းကို ပုံသေနည်းဖြင့်တွက်ချက်ပြရာတွင် ကမ္ဘာ့ရွှေဈေး တစ်အောင်စ ၁၈၉၄.၅၅၈ ကို Online trade ဈေး ၂၉၂၀ ဖြစ်သည့် Standard ဖြင့်တွက်ကြည့်ပါက ၂၉၅၀၀၀၀ ထက်မကျော်ကြောင်း ၎င်းကဆိုသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here