ပံ့ပိုးကူညီခြင်းများ ပြုလုပ်ခဲ့သော်လည်း ပုဂ္ဂလိကဘဏ်အချို့ သစ္စာမရှိကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းပြော

0
351

နစကအနေဖြင့် ဘဏ်စနစ်မပြိုလဲစေရန်အတွက် ဘဏ်များအား ဘက်စုံမှ ပံ့ပိုးကူညီခြင်းများ ပြုလုပ်ခဲ့သော် လည်း အချို့သော ပုဂ္ဂလိကဘဏ်များအနေဖြင့် သစ္စာမရှိကြောင်း နစကပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားခဲ့သည်။

ယနေ့ ကျင်းပပြုလုပ်သည့် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့၏ ၂၂ ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲတွင် မီဒီယာများ၏‌ မေးမြန်းချက်အပေါ် ၎င်းက အထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

‘‘ဘဏ်စနစ်ကို ပြိုလဲအောင် တိုက်ခိုက်တဲ့အချိန်မှာ ဘဏ်စနစ်ပြိုလဲသွားရင် တိုင်းပြည်စီးပွားရေးလည်းပြိုလဲသွားမှာဖြစ်လို့ လက်ရှိ ရှိနေတဲ့ ဘဏ်တွေကို နစကအနေနဲ့ ပေးနိုင်သမျှ အကူအညီတွေကို ပေးခဲ့ပါတယ်။ ဗဟိုဘဏ်ကနေ ထောက်ပံ့ပြီး ရပ်တည်ခဲ့ရတယ်။ အခုအချိန်မှာ အဲဒီအထဲက တချို့ဘဏ်တွေကလည်း သိပ်တော့သစ္စာမရှိဘူး’’ဟု ၎င်းက ဆိုသည်။

လက်ရှိတွင် ပြင်ပဈေးကွက်၌ မြင့်တက်နေသည့် နိုင်ငံခြားငွေလဲနှုန်းကို တည်ငြိမ်စေရေးအတွက်ပုဂ္ဂလိက ကဏ္ဍ နှင့်ပူပေါင်းဆောင်ရွက်နေကြောင်း ၎င်းကထပ်မံပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here