စားအုန်းဆီဈေး မြင့်တက်ခြင်းသည် နိုင်ငံတော်မှ ပံ့ပိုးထားမှုများအပေါ် အရာမထင်တဲ့ ပုံစံမျိုးပေါက်နေဟု ရင်းနှီး/စီးပွား (MIFER) ဒုတိယဝန်ကြီး ဒေါက်တာဝါဝါမောင် ပြော

0
289

ပြင်ပ‌လက်လီဈေးကွက်အတွင်း စားအုန်းဆီတပိဿာ ၁ သောင်းကျပ် ဖြစ်နေခြင်းအပေါ် နိုင်ငံတော်၏ စေတနာနှင့် ပံ့ပိုးပေးထားသည့် ဆောင်ရွက်မှုတွေသည် အရာမထင်သည့် ပုံစံမျိုးပေါက်နေကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဒုဝန်ကြီးဒေါက်တာဝါဝါမောင်က ပြောကြားခဲ့သည်။

ယနေ့ကျင်းပပြုလုပ်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့၏ ၂၂ ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

‘‘ဒီနေ့ စားအုန်းဆီပေါက်ဈေးကိုကြည့်ရင် ရည်ညွှန်းဈေးက ၄၀၆၅ ကျပ် ဖြစ်ပါတယ်။ ကုမ္ပဏီရဲ့ လက်ကားဈေးက ၈၀၀၀ ကျပ် ဖြစ်ပါတယ်။ ဘုရင့်နောင်လက်ကားဈေးက ၉၀၀၀ ကျပ် ဖြစ်ပါတယ်။ လက်လီဈေးက ၁၀၀၀၀ ကျပ်ပေါက်နေပါတယ်။ ဒါ့ကြောင့်မို့လို့ ၅၀ ရာခိုင်နှုန်းကို စက်သုံးဆီ၊ စားသုံးဆီတွေမှာ အစိုးရရဲ့ ထောက်ပံ့ ငွေလဲလှယ်နှုန်းနဲ့ တင်သွင်းခွင့်
ပေးထားတာ။ သယ်ယူပို့ဆောင်ရေးစရိတ်တွေ တက်လို့။ နောက်တစ်ခုက ထုတ်လုပ်မှုကုန်ကျစရိတ်တွေ တက်လို့ဆိုပြီး ဈေးတွေကို တက်ပြီး ရောင်းတဲ့အခါမှာ FESC ကနေပြီးတော့ နိုင်ငံတော်ရဲ့ စေတနာနဲ့ ပံ့ပိုးပေးထားတဲ့ ဆောင်ရွက်မှုတွေက အရာမထင်တဲ့ ပုံစံမျိုးပေါက်နေတဲ့ အနေအထား ဖြစ်ပါတယ်’’ဟု ၎င်းကဆိုသည်။

ပြည်တွင်း၌ စားသုံးဆီမလုံလောက်သည့်အတွက် ပြည်ပမှတင်သွင်းနေရခြင်းဖြစ်ပြီး ယင်း စားအုန်းဆီတင်သွင်းမှုအတွက် သုံးစွဲရသည့် နိုင်ငံခြားငွေ ၅၀ ရာခိုင်နှုန်းကို အစိုးရထောက်ပံ့ ငွေလဲလှယ်နှုန်း
နှင့်ရောင်းပေးနေသော်လည်း လက်လီဈေးကွက်မှာ စားအုန်းဆီတပိဿာ ၁ သောင်းကျပ် ဖြစ်ပေါ်နေခြင်းဖြစ်သည်။

မြန်မာနိုင်ငံ၌ စားအုန်းဆီ သုံးစွဲမှု ပမာဏမှာ တန်ချိန် ၁၀ သိန်းကျော်ခန့်ရှိပြီး မလေးရှားနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့မှ တန်ချိန် ၇ သိန်းကျော်ကို ပြည်ပမှ တင်သွင်းနေရခြင်းဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here