ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး၏ အခွင့်အရေးများနစ်နာမှုမရှိစေရေးမှာ အခြေခံအခွင့်အရေးဖြစ်ကြောင်း နစက ပြောရေးဆိုခွင့်ရှိသူ ပြော

0
197

အသက်ပြည့်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး၏ အခွင့်အရေးများ နစ်နာမှုမရှိစေရေးဆိုသည်မှာ အခြေခံအခွင့်အရေးပင်ဖြစ်ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့ ၏ အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းမှ သြဂုတ် (၂၂)ရက် မွန်းလွဲ (၂) နာရီကပြုလုပ်သည့် (၂၂)ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

“ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံးရဲ့ အခွင့်အရေးတွေနစ်နာမှုမရှိစေဖို့ဆိုတာ အခြေခံအခွင့်အရေးပဲဖြစ်ပါတယ်။ အသက်အရွယ်ကန့်သတ်မှုအရ ပြည့်မြောက်ပြီးတဲ့နိုင်ငံသားတိုင်း အခြေခံဥပဒေအရ မဲပေးပိုင်ခွင့်မရှိသူတွေမှအပ ပြည်သူတစ်ရပ်လုံး မိမိရဲ့ဆန္ဒကို ဖော်ထုတ်နိုင်မှာဖြစ်ပါတယ်”ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောသ ည်။

ထို့အတူ မိမိ၏ လိုလားသည့် နိုင်ငံရေးစနစ်ကို ထောက်ခံနိုင်မည်ဖြစ်ကာ မိမိလိုလားသည့် နိုင်ငံရေးပါတီ(သို့)မိမိလိုလားသည့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်များအား ရွေးချယ်ခွင့်ရှိမည်ဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။

ယင်း အခွင့်အရေးများ နစ်နာမှုမရှိစေရန် ဆောင်ရွက်ရမည်ဖြစ်ပြီး နည်းလမ်းကျနမှန်ကန်မှုရှိသည့် အထွေ ထွေရွေးကောက်ပွဲတစ်ရပ်ဆိုသည်မှာ အားလုံးအတော်များများအား ခြုံငုံမိသည့် စကားဖြစ်၍ မဲစာရင်းများမှန်ကန်စေရေး၊ မဲရုံများစနစ်တကျရှိစေရေး၊ မဲပေးရန် အခြေ အနေဖန်တီးပေးခြင်းများအားလုံးသည် နည်းလမ်းကျမှန်ကန်မှုရှိရမည်ဟု ပြောသည်။

နစက အနေဖြင့် အထွေထွေ ရွေးကောက်ပွဲ တစ်ရပ်အား အောင်မြင်စွာ ကျင်းပဆောင်ရွက်ပြီးပါက အရေးပေါ်ကာလဆိုင်ရာ ပြဌာန်းချက်များနှင့်အညီ ဆောင်ရွက်ကာ ထွက်ပေါ်လာမည့် အစိုးရကို နိုင်ငံတော်တာဝန် လွှဲအပ်နိုင်ရေး ဆက်လက်ဆောင် ရွက်သွားမည်ဟုလည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here