မြန်မာ-ဆော်ဒီအာရေဗျ နှစ်နိုင်ငံရှေ့လာမည့်နှစ်များတွင် အစိုးရပိုင်းနှင့်စီးပွားရေးလုပ်ငန်းရှင်များ၏ အပြန်အလှန်ခရီးစဉ်များဖြစ်မြောက်ရေး ပူးပေါင်းဆောင်ရွက်ရန်ဆွေးနွေး

0
150

မြန်မာ-ဆော်ဒီအာရေဗျ နှစ်နိုင်ငံကဏ္ဍစုံပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် ရှေ့လာမည့်နှစ်များတွင် အစိုးရပိုင်းနှင့်စီးပွားရေးလုပ်ငန်းရှင်များ၏ အပြန်အလှန်ခရီးစဉ်များဖြစ်မြောက်ရေး ပူး ပေါင်းဆောင်ရွက်ရန် ဆော်ဒီအာရေဗျနိုင်ငံဆိုင် ရာ မြန်မာသံအမတ်ကြီးဦးတင်ယုနှင့်ဆော်ဒီအာရေဗျနိုင်ငံ၊နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာဌာန ညွှန်ကြားရေးမှူးချုပ် H.E. Amb. Mohammed bin Abdulhadi Al-Matrafi တို့တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

မြန်မာသံအမတ်ကြီးဦးတင်ယုမှ ဆော်ဒီအာရေဗျနိုင်ငံ၊နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာဌာန ညွှန်ကြားရေးမှူးချုပ် H.E. Amb. Mohammed bin Abdulhadi Al-Matrafi အား သြဂုတ် ၂၁ ရက်နေ့လည် ၁ နာရီက ၎င်း၏ရုံးခန်းသို့ သွားရောက်တွေ့ဆုံခဲ့သည်။

တွေ့ဆုံစဉ် မြန်မာသံအမတ်ကြီးမှ မြန်မာနိုင်ငံ၏ လတ်တလောနိုင်ငံရေးဖြစ်ပေါ်တိုးတက်မှု၊ ASEAN-GCC ဆက်ဆံရေးဆိုင်ရာများအား ဆွေးနွေးပြောကြားခဲ့သည်။

ထို့ပြင် မြန်မာ-ဆော်ဒီအာရေဗျ နှစ်နိုင်ငံကြား စီး ပွားရေး၊ရင်းနှီးမြှုပ်နှံမှုနှင့်ကဏ္ဍစုံပူးပေါင်းဆောင် ရွက်ရေးအတွက် ရှေ့လာမည့်နှစ်များတွင် အစိုးရပိုင်းနှင့်စီးပွားရေးလုပ်ငန်းရှင်များ၏ အပြန်အ လှန်ခရီးစဉ်များဖြစ်မြောက်ရေးအတွက် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများကိုလည်း ဆွေးနွေးခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here