အစက်အပြောက်များ မပါသည့်ရှားပါးသစ်ကုလားအုတ်တစ်ကောင် အမေရိကန်တိရစ္ဆာန်ရုံတစ်ခု၌မွေးဖွား

0
232

ဝါရှင်တန်၊ဩဂုတ် ၂၃

အမေရိကန်တောင်ပိုင်း တန်နက်စီပြည်နယ်ရှိ တိရစ္ဆာန်ရုံတစ်ခုမှ အသက်သုံးပတ်သာရှိသေးသောသစ်ကုလားအုတ်တစ်ကောင်သည် ရှားရှားပါးပါးအနေဖြင့် အစက်အပြောက်များမပါဘဲမွေးဖွားလာသဖြင့် အထူးအဆန်းဖြစ်နေကြကြောင်းသိရသည်။

အဆိုပါသစ်ကုလားအုတ်ငယ်အား ဇူလိုင်လ ၃၁ ရက်နေ့ကမွေးဖွားခဲ့ခြင်းဖြစ်ပြီး ၎င်းသည်ယခုအခါအရပ်ခြောက်ပေခန့်ရှိပြီဟုလည်းဆိုသည်။

အဆိုပါသစ်ကုလားအုတ်သည် အမ လေးဖြစ်ပြီး ကုလားအုတ်မျိုးရိုးအဆင်ဖြစ်သည့် အစက်အပြောက်များမပါဟု သိရသည်။ယခုကုလားအုတ်မလေးကဲ့သို့သောသစ်ကုလားအုတ်အား ၁၉၇၂ ခုနှစ်ကလည်း ဂျပန်နိုင်ငံတွင်မွေးဖွားခဲ့ကြောင်းသိရှိရသည်။

အဆိုပါကုလားအုတ်မလေးကို နာမည် မပေးရသေးကြောင်းတိရစ္ခာန်ရုံမှတာဝန်ရှိသူတစ်ဦးကပြောကြားခဲ့သည်။ တိရစ္ဆာန်ရုံ၏ လူမှုကွန်ရက်စာမျက်နှာ‌က လူအများရွေးချယ်ပေးထားသည့်နာမည်များမှသာပြန်ရွေးမည်ဟုလည်းဆိုသည်။

Source : AFP


LEAVE A REPLY

Please enter your comment!
Please enter your name here