တရုတ်၏စီးပွားရေးသည် ပြန်လည် ရုန်းထနိုင်စွမ်းရှိသည်ဟု BRICS အဖွဲ့အားသမ္မတရှီပြောကြား

0
214

တရုတ်နိုင်ငံ၏စီးပွားရေးသည် ပြန်လည် ရုန်းထနိုင်စွမ်းရှိပြီး ရေရှည်တိုးတက်မှုအတွက်အခြေခံအချက်များမှာမပြောင်းလဲဘဲ ဆက်လက်တည်ရှိကြောင်း BRICS အဖွဲ့အားသြဂုတ် ၂၂ ရက်တွင် တရုတ်ခေါင်းဆောင်ရှီကျင့်ဖျင်ကပြောကြားခဲ့သည်။

“တရုတ်စီးပွားရေးမှာ ပြန်လည်ရုန်းထနိုင်စွမ်းရှိတယ်၊ကြီးမားတဲ့အင်အားရှိပြီး အလားအလာလည်းအရမ်းကောင်းပါတယ်” ဟု ရှီကပြောကြားခဲ့သည်။

“ဧရာမသင်္ဘောကြီးနဲ့တူတဲ့တရုတ်နိုင်ငံရဲ့စီးပွားရေးဟာ မိုးရွာရွာ၊လေတိုက်တိုက်၊လှိုင်းပဲပုတ်ပုတ် ရှေ့ကိုရောက်အောင်ဆက်သွားနေမှာပါ” ဟုလည်းသမ္မတရှီကဆိုသည်။

မကြာသေးမီလများအတွင်းကလည်း အခြေခံစီးပွားရေးအချက်အလက်များအပေါ် ပွင့်လင်းမြင်သာမှုလျှော့ချလိုက်ခြင်းအတွက် တရုတ်အားအမေရိကန်က ပြစ်တင်ဝေဖန်ခဲ့ပြီးဖြစ်သည်။

အချက်အလက်များပေးဆောင်နေသည့် တရုတ်နိုင်ငံရှိ ကုမ္ပဏီများကို နှိမ်နင်းခဲ့သောအပြုအမူသည် တာဝန်မဲ့သည်ဟုဆိုကာပေကျင်းအားဝါရှင်တန်ကရှုံ့ချခဲ့သည်။

Source : Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here