အမြန်ရေယာဥ်ပေါ်ရှိ ခရီးသည်တစ်ဦး၏ကျောပိုးအိတ်အတွင်းမှ ငွေကျပ်သိန်း ၂၀၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြားများဖမ်းမိ

0
240

ရခိုင်ပြည်နယ်၊စစ်တွေမြို့၊ဆင်ကူးလမ်းရပ်ကွက်ရှိ အမြန်ရေယာဥ်ဂိတ်တွင် သြဂုတ် ၂၂ ရက်ညပိုင်းက ငွေကျပ် ၂၄၀၀ သိန်းတန်ဖိုးရှိ စိတ်ကြွဆေးပြားများဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့မှသိရသည်။

ယမန်နေ့ည ၁၁ နာရီ ၁၅ မိနစ်ခန့်က မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များပါ၀င်သော ပူးပေါင်းအဖွဲ့သည် စစ်တွေမြို့၊ဆင်ကူးလမ်းရပ်ကွက်ရှိ အမြန်ရေယာဉ်ဂိတ်တွင် စစ်တွေမြို့မှဘူးသီးတောင်မြို့ဘက်သို့ထွက်ခွာမည့် အမြန်ရေယာဉ်အား ရှာဖွေစစ်ဆေးခဲ့ကြသည်။

ထိုသို့ ရှာဖွေစစ်ဆေးရာ ရေယာဉ်ပေါ်ရှိ ခရီးသည် မောင်လှသိန်း(၄၆)နှစ်၏ကျောပိုးအိတ်အတွင်းမှ ငွေကျပ် ၂၄၀၀ သိန်းတန်ဖိုးရှိ စိတ်ကြွဆေးပြား ၁၂၀၀၀၀ ပြားအား ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့မှသိရသည်။

ထို့ကြောင့် စိတ်ကြွဆေးပြားများနှင့်အတူ ဖမ်းဆီးရမိသူအား စစ်တွေနယ်မြေရဲစခန်းက မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရအမှုဖွင့်ကာ စစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here