လျှပ်စစ်မီးပြတ်တောက်မှုကို ဝေဖန်ခဲ့သည့် ဟစ်ဟော့အဆိုတော် ဗျူဟာအား ထောင်ဒဏ် နှစ်(၂၀) ချမှတ်

0
475

ပြီးခဲ့သည့် မေလအတွင်းက ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီးနိုင်ငံတော်အကြည်ညိုပျက်‌စေမှု ပုဒ်မ ၅၀၅ (က)၊ ပုဒ်မ ၁၂၄ (က) တို့ဖြင့် တရားစွဲခံထားရသည့် ဟစ်ဟော့ အဆိုတော် ဗျူဟာကို ယနေ့ ဩဂုတ်လ (၂၃) ရက်တွင် ထောင်ဒဏ် နှစ်(၂၀) ချမှတ်လိုက်ကြောင်း သိရသည်။

အဆိုတော် ဗျူဟာသည် လျှပ်စစ်မီးပြတ်တောက်မှုနှင့် ပတ်သက်၍ ပြီးခဲ့သည့် မေလ (၂၃) ရက်က လူမှုကွန်ရက်စာမျက်နှာကတဆင့် Live လွှင့်ကာ ဝေဖန်ပြောဆိုခဲ့သည့် အတွက် ညတွင်းချင်းပင် ဖမ်းဆီးထိန်းသိမ်းခြင်း ခံခဲ့ရခြင်း ဖြစ်သည်။

၎င်းအား မြောက်ဒဂုံတရားရုံးတွင် မေလ (၂၉) ရက်က ရုံးထုတ်ပြီးချုပ်ရက်ရမန်ယူခဲ့ကာ အမှုဖွင့် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

အဆိုတော် ဗျူဟာ ထောင်ဒဏ် နှစ်(၂၀) ချမှတ်ခံရကြောင်း ၎င်း၏ ဇနီးဖြစ်သူက ယနေ့ ဩဂုတ်လ (၂၃) ရက် မွန်းလွှဲပိုင်းတွင် လူမှုကွန်ရက်ကတဆင့် အသိပေးထားသည်။

ဟစ်ဟော့ အဆိုတော် ဗျူဟာသည် ဝါရင့် တေးရေးဆရာ နိုင်မြန်မာ၏ သားဖြစ်ပြီး ဟစ်ဟော့ဂီတ နယ်ပယ်တွင် ထင်ရှားသည့် လူငယ်အဆိုတော်တစ်ဦးလည်း ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here