ဧရာဝတီမြစ်ရေမြင့်တက်လာ၍ မင်းဘူး(စကု) မြို့နယ်ရှိ မြေနိမ့်ပိုင်းမှကျေးရွာအချို့တွင် မြစ်ရေများစတင်ဝင်ရောက်လာ

0
163

မကွေးတိုင်း၊ မင်းဘူး(စကု)မြို့နယ်အတွင်း၌ ပြီးခဲ့သည့်ရက်ပိုင်းအတွင်းမှစတင်၍ ဧရာဝတီမြင်ရေမြင့်တက်လာကာ မြို့နယ်အတွင်းရှိ မြေနိမ့်ပိုင်းကျေးရွာများအတွင်းသို့ မြစ်ရေများစတင်ဝင်ရောက်လာနေသည်ဟု သိရသည်။

“လတ်တလော မြစ်ရေမြင့်တက်လာတော့ မြေနိမ့်ပိုင်းကကျေးရွာတွေထဲကို မြစ်ရေတွေဝင်လာတယ်။ နောက်ပြီး ဧရာဝတီမြစ်ကမ်းဘေးမှာရှိတဲ့ ကျေးရွာတွေထဲဆိုရင် မြစ်ရေဝင်လာတာပိုများတယ်။ အခု မြစ်ရေဝင်တဲ့အိမ်တွေက မိသားစုဝင်တွေကို ရေလွတ်တဲ့ဆီရွှေ့ပြောင်းပေးထားတယ်” ဟု ဒေသခံလူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

လက်ရှိအချိန်၌ ရေဝင်ရောက်မှုများဖြစ်ပေါ်နေသည့် မန်းကျိုးကျေးရွာအုပ်စု၊ထုံမကြီးကျေးရွာမှ လူဦးရေ(၁၁၀)ဦးနှင့် ကျွဲ၊ နွားတိရိစ္ဆာန်များကို ရေဘေးလွတ်ကင်းသည့် ကျောက်ကုန်းနှင့် သံကန်တန်း(၇)၊ ထောက်ရှာပင်ကျေး ရွာအုပ်စု၊ တပင်ကျေးရွာမှ လူဦးရေ(၃၅)ဦးတို့အား နီးစပ်ရာဆွေ မျိုးများနေအိမ်တို့သို့ ယာယီပြောင်းရွှေ့ပေးထားရကြောင်း သိရသည်။

ထို့ပြင် ထုံးမကြီးကျေးရွာမှ အ.မ.က ကျောင်းနှင့် နိဗ္ဗာန်ကျွန်းကျေးရွာမှ အ.လ.က ကျောင်းတို့ကိုလည်း မြစ်ရေများဝင်ရောက်နေသဖြင့် ယာယီ ပိတ်ထားရကြောင်း သိရသည်။

မင်းဘူး(စကု)မြို့နယ်၏ ဧရာဝတီမြစ်စိုးရိမ်ရေ မှတ်သ ည် ၁၇၀၀ စင်တီမီတာဖြစ်ကာ မြစ်ရေမြင့်တက်လာသဖြင့် စိုးရိမ်ရေအမှတ်သို့ ရောက်ရှိရန် ၁၇၃ စင်တီမီတာသာလိုတော့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here