ကျင်ချောင်အုပ်ချုပ်ရေးဗျူရို လုပ်ငန်းစုမှ မြန်မာနိုင်ငံ၌ EV ကားထုတ်လုပ်ရေး လုပ်ငန်းအပါအဝင် အခြားကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံရန် ဆွေးနွေး

0
200

မြန်မာနိုင်ငံ၏ EV ကားထုတ်လုပ်ရေး လုပ်ငန်းအပါအဝင် အခြားကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံနိုင်မည့်အခွင့်အလမ်းများကို မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ကူမင်းမြို့မှ ကောင်စစ်ဝန်ချုပ် ဦးသော်တာအောင်နှင့် တရုတ်နိုင်ငံ၊ရှန်ဟိုင်းမြို့အခြေစိုက် ရှန်ဟိုင်းလွတ်လပ်သောကုန်သွယ်မှုဇုန် ကျင်ချောင်အုပ်ချုပ်ရေးဗျူရိုမှ ညွှန်ကြားရေးမှူးချုပ် Mr. Lv Dong Sheng တို့ တွေ့ဆုံဆွေးနွေးခဲ့ကြ ကြောင်း သိရသည်။

ကောင်စစ်ဝန်ချုပ် ဦးသော်တာအောင်မှ ရှန်ဟိုင်းလွတ်လပ်သောကုန်သွယ်မှုဇုန် ကျင်ချောင်အုပ်ချုပ်ရေးဗျူရို၏ ညွှန်ကြားရေးမှူးချုပ် Mr. Lv Dong Sheng အား သြဂုတ် (၂၃) ရက်နံနက် (၁၀) နာရီခွဲက လက်ခံတွေ့ဆုံခဲ့ခြင်းဖြစ်ကာ ယင်းသို့တွေ့ဆုံစဉ် မြန်မာနှင့်တရုတ်(ရှန်ဟိုင်း) ကျင်ချောင်အုပ်ချုပ်ရေးဗျူရိုလုပ်ငန်းစုတို့ကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးအား ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ကျင်ချောင်အုပ်ချုပ်ရေးဗျူရိုလုပ်ငန်းစုအနေဖြင့် မြန်မာနိုင်ငံတွင် EV ကားထုတ်လုပ်ရေးလုပ်ငန်း၊ ဘတ္ထရီလုပ်ငန်း၊ အိမ်သုံးလျှပ်စစ်ပစ္စည်းလုပ်ငန်း၊ အိမ်တွင်းစက်မှုလုပ် ငန်းများ၊ သံ၊ သံမဏိလုပ်ငန်း၊ မြန်မာ့ရာဘာလုပ်ငန်း၊အထည်ချုပ်လုပ်ငန်းနှင့် အခြားလုပ်ငန်းကဏ္ဍတို့တွင် ရင်းနှီးမြှုပ်နှံနိုင်မည့် အခွင့်အလမ်းများ၊ ရင်းနှီးမြှုပ်နှံမှုနှင့်ပတ်သက်၍ လိုအပ်သည်များကို သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းချိတ်ဆက်၍ ကူညီပေးနိုင်ရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here