ရေးမြို့နယ်တွင် အဝေးပြေးခရီးသည်တင် (Express)ကား ပစ်ခတ်ခံရကာ ခရီးသည် ၂ ဦးဒဏ်ရာရ

0
217

မွန်ပြည်နယ်၊ရေးမြို့နယ်တွင် “ရွှေပုလဲသီ”အဝေးပြေးခရီးသည်တင်(Express)ကားတစ်စီး သြဂုတ် ၂၄ ရက်(ယနေ့)နံနက်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များ၏ သေနတ်ဖြင့်ပစ်ခတ်ခြင်းခံခဲ့ရကြောင်း သိရသည်။

ယနေ့နံနက် ၅ နာရီ ၁၅ မိနစ်ခန့်က လက်နက်ကိုင်အဖွဲ့ဝင်များသည် ခရီးသည် ၃၃ ဦးလိုက်ပါလာကာ ရန်ကုန်မြို့မှမြိတ်မြို့သို့ထွက်ခွာလာသည့် “ရွှေပုလဲသီ”အဝေးပြေးခရီးသည်တင်(Express) ကားအား ရေးမြို့နယ်၊လိမ္မော်ခြံကျေးရွာအနီးတွင် သေနတ်များဖြင့်ပစ်ခတ်ခဲ့ကြသည်။

ထိုသို့ ပစ်ခတ်ခဲ့မှုကြောင့် ကား၏ဘယ်ဘက်မှန်မှာ ကျည်ထိမှန်ပျက်စီးခဲ့ပြီး လိုက်ပါလာသည့်ခရီးသည်များ ကျည်ထိမှန်မှုမရှိသော်လည်း ခရီး သည်အမျိုးသားတစ်ဦးနှင့်အမျိုးသမီးတစ်ဦးတို့တွင် မှန်စစိုက်ဝင်ဒဏ်ရာများ(မစိုးရိမ်ရ)ရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်အား လုံခြုံရေးအဖွဲ့ဝင်များက စစ်ဆေးမှုများပြုလုပ်၍ နယ်မြေလုံခြုံရေးလုပ်ငန်းများအား ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here