Air-KBZ လေယာဥ်ပေါ်တွင် ကိုယ်ဝန်ဆောင်တစ်ဦး ကလေးမီးဖွားခဲ့

0
331

ရှမ်းပြည်နယ်၊တာချီလိတ်မြို့မှ ရန်ကုန်မြို့သို့ထွက်ခွာလာသည့် Air-KBZ လေယာဥ်ပေါ်တွင် သြဂုတ် ၂၄ ရက်ညနေပိုင်းက ကိုယ်ဝန်ဆောင်တစ်ဦး ကလေးမီးဖွားခဲ့ကြောင်း သိရသည်။

Air-KBZ လေယာဥ်ပေါ်တွင် လိုက်ပါလာသည့် ခရီးသည်အမျိုးသမီးတစ်ဦးသည် မိုင်းဆက်မြို့အရောက်၌ လေယာဥ်ပေါ်တွင် ရေမြွှာပေါက်သွားသဖြင့် တာချီလိတ်မြို့သို့ အရေးပေါ်ပြန်လည့်ဆင်းသက်ခဲ့သော်လည်း ရေမြွှာပေါက်သွားပြီးဖြစ်၍ တာချီလိတ်လေဆိပ်သို့မရောက်မီ လိုက်ပါလာသည့် အခြားခရီးသည်များ၏အကူအညီဖြင့် မွေးဖွားခဲ့ရကြောင်း သိရသည်။

ထို့ကြောင့် လေယာဥ်ပေါ်၌ပင် သမီးမိန်းကလေးအား မွေးဖွားနိုင်ခဲ့ကာ မိခင်ဖြစ်သူနှင့်ကလေးငယ်မှာကျန်းမာရေးကောင်းမွန်ပြီး တာချီလိတ်လေဆိပ်သို့ရောက်ရှိချိန်တွင် အသင့်စောင့်ဆိုင်းနေသည့် လူမှုကူညီရေးအဖွဲ့ဝင်များက ဆေးခန်းသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

Photo -Credit


LEAVE A REPLY

Please enter your comment!
Please enter your name here