ကမ္ဘာ့ထိပ်တန်း စပိန်ကြက်တောင်မယ်ကို ၁၆ ဦး အဆင့်တွင် သက်ထားသူဇာ ရှုံးနိမ့်

0
265

မြန်မာ့ကြက်တောင်အားကစားမယ် သက်ထားသူဇာသည် TOTALENERGIES BWF WORLD CHAMPIONSHIPS 2023 တွင် ၁၆ ဦးအဆင့်ဖြင့်သာကျေနပ်လိုက်ရကြောင်း သိရသည်။

သက်ထားသူဇာသည် ယမန်နေ့ ဩဂုတ်လ ၂၄ ရက် ည ၁၁ နာရီခန့်က(၁၆) ဦးအဆင့်တွင် ကမ္ဘာ့အဆင့် သတ်မှတ်ချက် (၆) ရှိ စပိန်ကြက်‌တောင်မယ် Carolina Marin နှင့်ယှဉ်ပြိုင်ကစားခဲ့ခြင်းဖြစ်သည်။

အဆိုပါပွဲစဉ်၏ ပထမပွဲစဥ်တွင် သက်ထားသူဇာက ၁၀ မှတ် ၂၁ မှတ်ဖြင့် ရှုံးနိမ့်ခဲ့ပြီး ဒုတိယပွဲစဉ်တွင် ၁၈ မှတ် ၂၁ မှတ်ဖြင့် ၂ ပွဲ‌ဆက်ရှုံးနိမ့်ပြိီး ပြိုင်ပွဲမှ ထွက်ခဲ့သော်လည်း ဒုတိယပွဲစဉ်တွင် ယှဉ်ကစားနိုင်ခဲ့သည်ကို တွေ့ရသည်။

သက်ထားသူဇာယှဉ်ပြိုင်ခဲ့ရသည့် စပိန်ကြက်‌တောင်မယ် Carolina Marin သည် သူမဒဏ်ရာမရရှိခင်က ပြိုင်ပွဲများတွင် ကမ္ဘာ့ချန်ပီယံ ၃ ကြိမ်နှင့် ဥရောပချန်ပီယံ ၆ ကြိမ်အပြင် အခြားဆုတံဆိပ်များစွာ ရရှိထားသူလည်းဖြစ်သည်။

သက်ထားသူဇာသည် ဒိန်းမတ်နိုင်ငံ၊ ကိုပင်ဟေဂင်မြို့တွင် ကျင်းပသည့် အဆိုပါပြိုင်ပွဲသို့ နည်းပြမပါဘဲ သွားရောက်ယှဉ်ပြိုင်ခဲ့ရ‌သော်လည်း World Championship တွင် သူမ၏ကစားသမားဘ၀ ပထမဆုံး ၁၆ ဦးအဆင့်ကို တက်လှမ်းနိုင်ခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here