ဝက်ဂ်နာခေါင်းဆောင်လေယာဉ်ပျက်ကျမှုစိတ်မကောင်းဖြစ်ရသည်ဟုသမ္မတပူတင်ဆို

0
294

မော်စကို၊ဩဂုတ် ၂၅

ရုရှားသမ္မတဗလာဒီမာပူတင်သည် ကြေးစားစစ်ခေါင်းဆောင် ယက်ဗနီပရီဂိုဇင်၏ လေယာဉ်ပျက်ကျသေဆုံးမှုအပေါ် မိသားစုနဲ့ထပ်တူစိတ်မကောင်းဖြစ်ရပါကြောင်းပြောကြားခဲ့သည်။

ရုရှားစုံစမ်းစစ်ဆေးရေးအဖွဲ့က လေကြာင်းစည်းကမ်း ချိုး‌ဖောက်မှုဖြင့်စုံစမ်းစစ်ဆေးမှုပြုမည်ဆိုသော်လည်း မည်သည့်အတွက်ကြောင့်လေယာဉ်ပျက်ကျရသည်ကိုပြောကြားခြင်းမရှိပေ။ သမ္မတပူတင်၏မှတ်ချက်မထွက်လာမချင်း ပရီဂိုဇင်သေဆုံးမှုအား တရားဝင်အသိအမှတ်ပြုထုတ်ပြန်ခြင်းမျိုးလည်းမရှိခဲ့ပေ။

သမ္မတပူတင်ကမူ ပရီဂိုဇင်အား ၁၉၉၀ ပြည့်နှစ်လွန်ကတည်းကသိကျွမ်းခဲ့သည့် ကြေးစားတပ်ဖွဲ့ ခေါင်းဆောင်တစ်ဦးအဖြစ် ဖော်ပြခဲ့ပြီး လေယာဉ်ပျက်ကျမှုနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုသည် အချိန်ယူရမည်ဦးမည်ဖြစ်သည်ဟုလည်းပြောကြားခဲ့သည်။

မစ္စတာပရီဂိုဇင်အပါအဝင် ဝက်ဂ်နာအဖွဲ့အကြီးအကဲများပါဝင်သည့် ကိုယ်ပိုင်ရဟတ်ယာဉ်တစ်စင်းသည် မော်စကိုမှစိန့်ပီတာစဘတ်သို့ပျံသန်းလာစဉ်လမ်းခရီး၌ ပျက်ကျသွားခဲ့ကြောင်းသိရပြီး ယာဉ်ပေါ်ပါခရီးသည်နှင့်အမှုထမ်း ၁၀ ဦးလုံးသေဆုံးသွားကြောင်းလည်းသိရသည်။

ယခုမတော်တဆမှုမဖြစ်ခင် တနင်္လာနေ့ကလည်း မစ္စတာပရီဂိုဇင်သည် အာဖရိကတွင်ရိုက်ကူးခဲ့သည်ဟုယူဆရသည့် ဗီဒီယိုတစ်ခုကို တနင်္လာနေ့ကတင်ခဲ့ပြီး ဇူလိုင်လကလည်း စိန့်ပီတာစဘတ်တွင်ကျင်းပသည့် ရုရှား – အာဖရိက ထိပ်သီးအစည်းအဝေးသို့လည်းတက်ရောက်ခဲ့သေးသည်။

Source : Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here