ထိုင်းမှာ တရားမဝင် မြန်မာရွှေ့ပြောင်းလုပ်သား ၁၄ ဦးဖမ်းဆီးခံရ

0
187

အသက် ၁၆ နှစ်အရွယ် ထိုင်းနိုင်ငံသား ကားပေါ်ကို စစ်ဆေးရာ တရားမဝင် မြန်မာ ရွှေ့ပြောင်း လုပ်သား ၁၄ ဦးကို ထိုင်းအာဏာပိုင်များမှ ဖမ်းဆီးလိုက်ကြောင်း ထိုင်းနိုင်ငံထုတ် သတင်းစားများတွင် ဖော်ပြချက်အရ သိရသည်။

ထိုင်းနိုင်ငံ Phra Nakhon Si Ayutthaya ပြည်နယ် Bang Pa-in မြို့နယ် Koh Kerd ကျေးရွာအုပ်စု အမြန်လမ်း အမှတ် ၃၄၇ မောင်းနှင်းလာသည့် ခဲရောင် ISUZU MU-X ဘက်စုံသုံး ယာဉ်အမှတ် BC 9310 Phitsanulok လိုင်စင်အမှတ် BC 9310 ကားမှာ အလေးချိန် ပုံမှန်ထက် ပိုလေးသည်ဟု သံသယဖြစ်ဖွယ် စောင့်ကြည့်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကားကို စစ်ဆေးရန် တားဆီးစဉ်အရှိန်မြှင့် မောင်းနှင်ထွက်ပြေးသည့်အတွက် လိုက်လံဖမ်းဆီးရာ ကားအတွင်း အသက် ၁၆ နှစ်အရွယ် ထိုင်းလူငယ်တစ်ဦး ယာဉ်မောင်းနှင့်အတူ တရားမဝင် မြန်မာ ရွှေ့ပြောင်းလုပ်သား အမျိုးသားနှင့် အမျိုးသမီး ၁၄ ဦး တို့ ဖမ်းဆီးရမိကြောင်း ထိုင်းနိုင်ငံထုတ် သတင်းစာများတွင် ဖော်ပြထားသည်။

ဖမ်းဆီးရမိသည့် မြန်မာရွှေ့ပြောင်းလုပ်သား အားလုံးမှာ မြန်မာနိုင်ငံ မြဝတီမြို့မှ တစ်ဆင့် ထိုင်းနိုင်ငံ ဘက်ခြမ်းသို့ ဝင်ရောက်လာကာ တစ်ဦးကို ဘတ် ၃၀၀၀၀ ပေးရတယ်လို့ ထွက်ဆိုကြောင်း သတင်းမှာ ဖော်ပြထားသည်။

အသက် ၁၆ နှစ်အရွယ် ထိုင်းနိုင်ငံသားမှာ ထိုင်းနိုင်ငံ တတ်ခ်ပြည်နယ်မှာ နေထိုင်သူဖြစ်ပြီး ကားကို ဖခင်ဆီက ခိုးယူလာကာ ရွှေ့ပြောင်းလုပ်သားတစ်ဦးကို ပို့ဆောင်ခ အဖြစ် ဘတ် ၁၅၀၀၀ ရရှိကြောင်း ထွက်ဆိုခဲ့သည်။

ဖမ်းဆီးရမိသူ ထိုင်းနိုင်ငံသားအပါအဝင် တရားမဝင် ရွှေ့ပြောင်းလုပ်သားများကို ထိုင်းနိုင်ငံ ဘန်ပအင်း ရဲစခန်းမှ ဥပဒေနှင့်အညီ အရေးယူသွားမည်ဖြစ်ကြောင်း သတင်းတွင် ဖော်ပြထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here