ထိုင်းနိုင်ငံမှာ သံပြားပိကာ မြန်မာလုပ်သား ၁ ဦး သေဆုံး၊ ၃ ဦး ထိခိုက်ဒဏ်ရာရ

0
289

ထိုင်းနိုင်ငံရှိ တည်ဆောက်ဆဲ ပင်လယ်ဆိပ်ကမ်းစီမံကိန်းအတွင်း သံမဏိ ကြိုးပြတ်ကျပြီး သံပြားပိကာ မြန်မာလုပ်သား ၁ ဦး သေဆုံးကာ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ထိုင်းနိုင်ငံ အခြေစိုက် သတင်းများတွင် ဖော်ပြထားချက်အရ သိရသည်။

ထိုင်းနိုင်ငံ ရယောင်ခရိုင် မတ်တာဖွတ်ရပ်ရှိ အဆိုပါ ပင်လယ်ဆိပ်ကမ်း ၂ တွင် ပင်လယ်ရေဝင်ရောက်မှု ကာရံပိတ်ဆို့ရန် ဆွဲစက်ဖြင့် မချီနေစဉ် သံမဏိကြိုးပြတ်မှု ပြီးခဲ့သည့် ရက်ပိုင်းက ဖြစ်ခဲ့ကြောင်း သတင်းများမှာ ဖော်ပြထားသည်။

အဆိုပါ ဖြစ်စဉ်အတွင်း မြန်မာလုပ်သား ၁ ဦး သေဆုံးကာ မြန်မာ ၂ ဦးနှင့် ထိုင်းနိုင်ငံသား ၁ ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ မြန်မာလုပ်သားမှာ ဆေးရုံကို ရောက်ရှိပြီးမှ သေဆုံးခဲ့ရကြောင်း သိရကာ ၎င်းအတွက် လူမှုဖူလုံရေးအကျိုးခံစားခွင့်ကို ဆိပ်ကမ်းတာဝန်ရှိသူတွေက လုပ်ဆောင်ပေးခဲ့ကြောင်း ထိုင်းသတင်း များတွင် ဖော်ပြထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here