အာဆီယံ ဝန်ကြီးများအဆင့် အစည်းအဝေးတွင် PDF များ၏ အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် သေဆုံးမှုများနှင့် ပျက်စီးဆုံးရှုံးမှုများကို ဒု-ဗိုလ်ချုပ်ကြီး ရာပြည့်ပြောကြား

0
286

မြန်မာနိုင်ငံအတွင်း၌ PDF များ၏အကြမ်းဖက် တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့မှုများနှင့် ပျက်စီးဆုံးရှုံးခဲ့မှုများနှင့် ပတ်သက်ပြီး အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပသည့် အာဆီယံ ဝန်ကြီးများအဆင့် အစည်းအဝေးတွင် မြန်မာနိုင်ငံ၏ AMMTC ခေါင်းဆောင်၊ နစက အဖွဲ့ဝင်၊ပြည်ထဲရေးဝန်ကြီးဌာန ပြ ည်ထောင်စုဝန်ကြီး ဒု-ဗိုလ်ချုပ်ကြီးရာပြည့်က ရှင်းလင်းပြောကြားခဲ့သည်။

အင်ဒိုနီးရှားနိုင်ငံ၊ လာဘွန်ဘာဂျိုးမြို့တွင် သြဂုတ် (၂၁) ရက်နံနက် (၁၀) နာရီ (၄၅) မိနစ်ကကျင်းပ
သည့် (၁၇) ကြိမ်မြောက် နိုင်ငံဖြတ်ကျော်မှုခင်းများတိုက်ဖျက်ရေး အာဆီယံဝန်ကြီးအဆင့်အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

နိုင်ငံဖြတ်ကျော်မှုခင်းများနှင့်အကြမ်းဖက်မှုကဲ့သို့စိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်းနိုင်ရန် အာဆီယံ ၏ဦးဆောင်မှုဖြင့် စုစည်းမှုအားကောင်းသည့် ဒေသဆိုင်ရာအဆင့်ချဉ်းကပ်မှုရှိရန်လိုအပ်‌ကြောင်းလည်း ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က သတိပေးပြောကြားသွားသည်။

ထို့ပြင် မြန်မာနိုင်ငံအတွင်း အမည်အမျိုးမျိုးဖြင့်ဖွဲ့စည်းထားသော PDF များ၏ တိုက်ခိုက်မှုများကြောင့် အပြစ်မဲ့ပြည်သူ၊ ရဟန်းသံဃာ၊ သီလရှင်သေဆုံးခဲ့မှုများ၊ကျန်းမာရေးဆိုင်ရာ အဆောက်အဦ၊ လမ်း၊တံတား၊ လျှပ်စစ်နှင့် ဆက်သွယ်ရေး တာဝါတိုင်/အဆောက်အဦများပျက်စီးဆုံးရှုံးခဲ့ရမှုများနှင့် ပတ်သက်၍လည်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့အတူ Online မှတဆင့် လိမ်လည်မှုများနှင့် ဆက်စပ်ဖြစ်ပေါ်နေသည့် လူကုန်ကူးမှု တိုက်ဖျက်ရေးဆောင်ရွက်နေမှု ၊ ဆိုက်ဘာမှုခင်း တိုက်ဖျက်ရေး ဆောင်ရွက်မှုများကိုလည်း ရှင်းလင်းပြောကြားကာ နိုင်ငံဖြတ်ကျော်မှုခင်းများနှင့် ဒေသတွင်းရာဇဝတ်မှုခင်းများ တိုက်ဖျက်ရာတွင် ဒေသအဆင့်နှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုထိရောက်အားကောင်းစေရန်လိုအပ်ချက်များကို အကြံပြုဆွေးနွေးပြောကြားခဲ့သည်။

ထို့အပြင် ကမ္ဘာလုံးဆိုင်ရာအကြမ်းဖက်မှုအညွှန်းကိန်းအစီရင်ခံစာ (၂၀၂၃)အရ အကြမ်းဖက်အုပ်စုများသည် မောင်းသူမဲ့ဒရုန်းများကို စတင်အသုံးပြုလာရာ အနာဂတ်အတွက် စိန်ခေါ်မှုတစ်ရပ်ဖြစ် လာသည်ဟု ပြောသည်။

အစည်းအဝေး၌ အာဆီယံဒေသတွင်း နိုင်ငံဖြတ်ကျော်မှုခင်းများတိုက်ဖျက်ရေး ထိရောက်စွာပူးပေါင်းဆောင်ရွက်နိုင်မည့် ထုတ်ပြန်ကြေညာချက် (၃) ရပ်၊ ပူးတွဲကြေညာချက် (၁) ခုနှင့် အကြမ်းဖက်မှု၊ လူကုန်ကူးမှု၊ ဆိုက်ဘာမှုခင်း၊ လက်နက်မှောင်ခိုမှုများဆိုင်ရာ လုပ်ငန်းစီမံချက် (၄) ခုတို့ကို အသေးစိတ် ဆွေးနွေး/အကြံပြုပြီး အတည်ပြုခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here