ယူကရိန်းလေယာဉ်မှူးများကို အရီဇိုးနားတွင် F-16 တိုက်လေယာဉ်များဖြင့် လေ့ကျင့်ပေးမည်ဟု အမေရိကန်ဆို

0
263

အမေရိကန်ပြည်ထောင်စု အရီဇိုးနားပြည်နယ်တွင် F-16 လေယာဉ်များဖြင့် ယူကရိန်းလေယာဉ်မှူးများကို ယခုဆောင်းဦးရာသီတွင် စတင်လေ့ကျင့်သင်ကြားပေးသွားမည်ဖြစ်ကြောင်း အမေရိကန် ပင်တဂွန်စစ်ဌာနချုပ်က ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။

လေ့ကျင့်မှုအား တပ်ဆန်ပြည်နယ် အနီးရှိ မောရစ် အမျိုးသားလေတပ်စခန်းတွင် အောက်တိုဘာလ၌ စတင်မည်ဟု ပင်တဂွန်စစ်ဌာနချုပ်မှ သတင်းပြန်ကြားရေးအရာရှိ ဗိုလ်ချုပ်ကြီး ပက်ထရစ်ရိုင်ဒါက ပြောကြားခဲ့သည်။ အဆိုပါ သင်တန်းတွင် ယူကရိန်း ပြုပြင်ထိန်းသိမ်းရေး ဝန်ထမ်း ဒါဇင်နှင့်ချီပြီး အနည်းဆုံး လေယာဉ်မှူး အများအပြား ပါဝင်မည်ဖြစ်ကာ စက်တင်ဘာလတွင် တက္ကဆက်ရှိ အခြားအခြေစိုက်စခန်းတစ်ခုတွင် အင်္ဂလိပ်ဘာသာစကား သင်တန်းကို ပထမဆုံး တက်ရောက်ရမည်ဖြစ်သော်လည်း သင်တန်းသား အရေအတွက် အတိအကျကို မသတ်မှတ်ရသေးကြောင်း ၎င်းက ပြောကြားခဲ့သည်။

“ယူကရိန်းကို ထောက်ပံ့ဖို့အတွက် ကျွန်တော်တို့ တတ်နိုင်သမျှ ကူညီပေးချင်ပါတယ်” ဟု ပက်ထရစ်ရိုင်ဒါ က ပင်တဂွန်တွင် သတင်းထောက်များအား ပြောကြားခဲ့သည်။

၎င်းတို့၏ နိုင်ငံ၏ စစ်အတွင်း လိုအပ်ချက်များကို ဖြည့်ဆည်းရန် လေ့ကျင့်မှု နှေးကွေးလွန်းသည်ဟု ယူကရိန်း အရာရှိများ၏ တိုင်ကြားချက် ပေါ်ထွက်လာအပြီးတွင် အမေရိကန်တို့၏ အဆိုပါ ကြေညာချက်ပေါ်ထွက်လာခြင်းဖြစ်သည်။

ယူကရိန်းအနေဖြင့် ရုရှား၏ ချေမှုန်းမှုများကို ထိန်းချုပ်နိုင်ရန်မှာ လေကြောင်း စွမ်းအား ပိုမိုလိုအပ်ကြောင်း သမ္မတ ဇလန်းစကီးကလည်း ဆိုခဲ့သည်။

ယခုသီတင်းပတ်တွင် ယူကရိန်းလေယာဉ်မှူး ရှစ်ဦးသည် ဒိန်းမတ်တွင် F-16 တိုက်လေယာဉ်များကို စတင်လေ့ကျင့်ခဲ့သည်။ ယူကရိန်းအား F-16 တိုက်လေယာဉ် ၁၉ စင်း ထောက်ပံ့ပေးရန် စီစဉ်ထားကြောင်း ဒိန်းမတ် တာဝန်ရှိသူများကပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here