အာရှလမ်းပိုင်းတွင် ကုန်စည်ယာဉ်များဖြတ်သန်းခွင့်မပြုသေးဟုဆို

0
311

ကရင်ပြည်နယ်၊ မြဝတီ-ကော့ကရိတ်သွား အာရှလမ်းပေါ် မြေပြိုကျမှုဖြစ်ခဲ့သည့် လမ်းပိုင်းကို ယာယီဘေလီတံတား အစားထိုးမှု ပြီးစီးပြီဖြစ်သည့်အတွက် ကားများစတင်ဖြတ်သန်းခွင့်ပြုထားသော်လည်း ကုန်စည်ယာဉ်များကို လက်ရှိအချိန်ထိ ဖြတ်သန်းခွင့်မပြုသေးကြောင်း ကုန်သည်များ၏ ပြောပြချက်အရ သိရသည်။

“လမ်းကတော့ဖွင့်လိုက်ပြီ။ ဒါပေမယ့် ကားသေးလေးတွေကိုပဲ သွားခွင့်ပြုထားသေးတယ်။ မနက်ကတော့ ကားကြီးတွေစမ်းတော့ပေးဖြတ်တယ်။ ဒါပေမယ့်အဆင်မပြေလို့ ပေးမဖြတ်သေးဘူး။ ဒီညနေတော့ ပေးဖြတ်မယ်ပြောတယ်”ဟု သွင်းကုန်လုပ်ငန်းရှင်တစ်ဦးဖြစ်သူ မဇင်မီက ပေါ်ပြူလာနယူးစ်သို့ပြောသည်။

အဆိုပါယာယီဘေလီတံတားတည်ဆောက်မှုမှာ ဩဂုတ် ၂၄ ရက် ညနေပိုင်းတွင် ပြီးစီးခဲ့ခြင်းဖြစ်ကြောင်း၊ယင်း မြေပြိုမှုဖြစ်ခဲ့သည့် အာရှလမ်းပိုင်းတွင် အစားထိုးလိုက်သည့်ဘေလီတံတား၏ အရှည်ဟာ ပေ ၇၀ ရှိပြီး တန် ၆၀ အထိ ခံနိုင်ရည်ရှိစေရန် သုံးလွှာတစ်ထပ် အမျိုးအစားထိုးထားကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနက သိရသည်။

ကော့ကရိတ်မြို့နယ်၊ မြဝတီ-ကော့ကရိတ် အာရှလမ်းပေါ် တောနော်ရေတံခွန်အနီးက လမ်းပိုင်း တစ်နေရာတွင် ဩဂုတ် ၇ ရက် မနက်ပိုင်းက မိုးရွာသွန်းမှုများပြားခဲ့ပြီး လမ်းပိုင်း မြေပြိုမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

Photo Credit-Sett Paing Aung / ကိုဘီဝမ်း/Dr အဲလက်စ်ဝင်း


LEAVE A REPLY

Please enter your comment!
Please enter your name here