ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသား (၁၈၀) ဦးကျော် မြဝတီမှတဆင့် ပြန်လည်ဝင်ရောက်လာ

0
157

ထိုင်းနိုင်ငံတွင် ရောက်ရှိအလုပ်လုပ်ကိုင်နေရာမှ အကြောင်းအမျိုးမျိုးကြောင့် နေရပ်ပြန်လိုသည့် မြန်မာနိုင်ငံသား (၁၈၄) ဦးသည် သြဂုတ် (၂၄) ရက်က မြဝတီ-မဲဆောက် အမှတ် (၂) ချစ်ကြည်ရေးတံတားမှတဆင့် ပြန်လည်ဝင်ရောက်လာကြောင်း သိရသည်။

ယင်းသို့ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများအား မြဝတီမြို့ရှိ ဌာနဆိုင်ရာ တာဝန်ရှိသူများကကြိုဆိုကာ လိုအပ်သည့် အချက်အလက် စစ်ဆေးကောက်ယူခြင်းနှင့် အသိပညာပေးမှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ထို့အပြင် ကျန်းမာရေးဝန်ထမ်းများမှလည်း ကိုဗစ် (၁၉) ရောဂါ၊ အခြားကူးစက်ရောဂါများ ရှိ/မရှိ စစ်ဆေးခြင်းနှင့် ကျန်းမာရေးဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့ကို ပြုလုပ်ခဲ့ကြသည်။

ပြန်လည်ဝင်ရောက်လာသူများအနက် ပဲခူးတိုင်း၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့တွင် နေထိုင်သူများအား မော်လမြိုင်မြို့ရှိ ဆယ်မြို့နယ် အသွားအလာကန့်သတ်စောင့်ကြည့်ရေးစခန်းနှင့် အခြားတိုင်းနှင့် ပြည်နယ်များတွင် နေထိုင်သူများအား မြဝတီမြို့ရှိ ရွှေမြဝတီ အသွားအလာကန့်သတ်စောင့်ကြည့်ရေးစခန်းတို့တွင် (၁၀) ရက်ကြာ အသွားအလာ ရက်ကန့်သတ်ထားရှိမည်ဖြစ်ကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here